မိတ္ထီလာခရိုင်တွင် ကြက်သွန်နီအသစ်များ ရိတ်သိမ်း
မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်နီများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းများလည်းကျဆင်း လာကြောင်းသိရသည်။ ဆောင်းကြက်သွန်နီမှာ ပုံမှန်အားဖြင့် ဧပြီလတွင်အများဆုံး ထွက်ရှိသော် လည်း ယခုနှစ်တွင် အစောစိုက်သူများသည့်အတွက် ရာသီချိန်စော၍ထွက်ရှိသဖြင့် ဈေးကွက်သို့ အဝင် လှိုင်ခြင်းဖြစ်သည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီကို မလှိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးရာ ဧပြီတတိယပတ်တွင် မိတ္ထီလာ၊ မလှိုင်မြို့နယ်များမှ ရန်ကုန်၊ ပဲခူး၊ မောလမြိုင်၊ တာချီလိတ်၊ မိုင်းလား မြို့များသို့ တင်ပို့မှုများကြောင်း သိရသည်။ ယခုနှစ်ကြက်သွန်နီကို တောင်သူ၊ ကုန်သည်များက သိုလှောင်မှုနည်းပြီး သီနှံပေါ်သည်နှင့် ဈေးကွက်သို့တင်ပို့သည့်အတွက် ဈေးနှုန်းကျဆင်းခြင်းဖြစ် ကြောင်းသိရသည်။ ကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် လက်ကားဈေးမှာ ယခင်တစ်ပတ်က (၁၄၀၀-၁၀၀၀) ရှိခဲ့ရာမှ ယခုတစ်ပတ် (၁၃၀၀-၁၂၀၀) ကျပ်ဈေးဖြင့် ဈေးအနည်းငယ်ကျဆင်းလာကြောင်း ကြက်သွန်နီ တင်ပို့နေသည့် ကုန်သည်များထံမှ သိရသည်။
ဆောင်းကြက်သွန်နီကို မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာမြို့နယ်တွင် (၁၉၀၂) ဧက၊ မလှိုင်မြို့နယ် တွင် (၄၂၁၈) ဧက၊ သာစည်မြို့နယ်တွင် (၂၆၁၀) ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၃၈၂၃) ဧက စိုက်ပျိုးခဲ့ ကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
DOCA(မန္တလေး)

















