မုံရွာမြို့ပေါ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင် ၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့် ပူးပေါင်း ပြီး ဆန်ရောင်းချမှုအခြေအနေများကိုစစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် လျက်ရှိရာ (၉.၄.၂၀၂၅) ရက်နေ့တွင်  မုံရွာမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဖွဲ၊ ဆန် အရောင်း ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးအသိပညာရေးရာ ဆန်ဆိုင်များတွင် မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း ဆန်များကို အများဆုံးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ် စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသို လှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)