Monthly Archive Page

        ဇွန်လ တတိယပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၆၄၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၉၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၄၅၀၀) နှင့် ပေါ်ဆန်း ကျပ် (၃၅၀၀၀) ဖြစ်ရာ ယခင် COVID-19 ကာလမတိုင်မီ မတ်လ ပထမပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးနှုန်းမှာ ကျပ် (၈၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ (၁၀၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၅၅၀၀) ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။

         မော်လမြိုင်မြို့၏ ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်း များမှာ ပေါ်ဆန်း (စပါး) တင်း (၁၀၀) လျှင် (၈၃၀၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် (၃၆၀၀၀) ကျပ်၊ ဧည့်မထ (စပါး) တင်း (၁၀၀) (၅၃၀၀၀၀) ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် (၂၇၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၂၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာ (၈၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာ (၃၀၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၅၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ (၆၀၀၀) ကျပ် ၊ ပဲနီလေး (မြန်မာ)

       မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအား မြန်မာ့သြဘာကုမ္ပဏီမှ (၄)လဆိုင်းစနစ်ဖြင့် မြေသြဇာများရောင်းချဖြန့်ဖြူးနိုင်ရေးညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၅.၆.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်၊ မော်လမြိုင်ကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်မျိုးဦး၊ မွန်ပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒု-ဥက္ကဌ(၂) ဦးဘုန်းမြင့်၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးသက်ဦး၊ မော်လမြိုင်နည်းပညာတက္

       ရှမ်းပြည်နယ်(တောင်ပိုင်း)မှာတော့ ၂ဝ၁၉/၂ဝ၂ဝခုနှစ်ထွက် မိုးအစေ့ထုတ်ပြောင်းများပေါ်ခါစက တစ်ပိသာကို ငွေကျပ် ၂၂ဝမှ ၂၅ဝရှိခဲ့ပေမယ်လို့ မေလဆန်းမှာတော့ ပြောင်းစျေး တဖြည်းဖြည်း စျေးပြန်ကောင်းလာခဲ့ရာမှ ယခုဇွန်လဆန်းမှာတော့ ငွေကျပ် ၄၇ဝမှ ၄၉ဝကျပ်ထိရှိလာခဲ့ပါတယ်။ ပြောင်းစိုက်တောင်သူတွေရဲ့လက်ထဲမှာတော့ ပြောင်းဖူးစေ့လက်ကျန်မရှိသလောက်နည်းသွားပြီး၊ကုန်သည် တွေရဲ့လက်ထဲမှာတော့ စုစုပေါင်းပြောင်းဖူးစေ့ပိုလှျံမှုရဲ့ လေးပုံတစ်ပုံလောက်တော့ ကျန်ရှိနေပါသေးတယ်။ ယခင်နှစ်ကာလတူနဲ့ပြောင်းစျေးနှုန်းကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ယခင်နှစ်ကပြောင်း တစ်ပိသာငွေကျပ် ၃၅ဝမှ ၃၆ဝထိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသများ၏ မေလစတုတ္ထပတ် ကုန်သွယ်မှုအခြေအနေ များကို သက်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပေးပို့နေ သော စာရင်းများအရ ကျိုင်းတုံ- မိုင်းခတ်- မိုင်းယန်း- မိုင်းလား နယ်စပ်လမ်းကြောင်းတွင် ယခုတစ်ပတ် ပို့ကုန်မရှိဘဲ၊ သွင်းကုန်အနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များသာ တင်သွင်းလျက် ရှိပြီး၊ အခြေခံစားသောက်ကုန် စျေးနှုန်းများ တည်ငြိမ်လျက်ရှိကာ၊ စပါးအဟောင်း(၄၀) ကီလို တစ်အိတ်လျှင်(၁၃၀၀၀)ကျပ်၊ စပါးအသစ်(၄၀)ကီလို တစ်အိတ်လျှင်(၁၂၅၀၀) ကျပ်စျေး အသီးသီးရှိပါသည်။ ဒေသဆန်မှော်ဘီ-၃ (၅၀) ကီလိုတစ်အိတ်လျှင် (၃၁၀၀၀) ကျပ်ဖြင့် စျေးငြိမ်လျက်ရှိနေပါတယ်

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ထီလာ၊ သာစည်၊ တောင်ငူနဲ့ ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံ စီးထွက်လျှက်ရှိရာ အောင်ပန်းကုန်စည်ဒိုင်၏ မေလတတိယအပတ်အတွင်း ပေးပို့သော စာရင်းများအရ ကြက်သွန်ဖြူတစ်ပိဿာ ၁၀၀၀ ကျပ် မှ ၂၀၀၀ ကျပ်စျေးနှုန်းဖြင့်ကုန်ချိန်(၇၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ၁၀၀ ကျပ်မှ ၆၅၀ ကျပ် စျေးနှ