Monthly Archive Page

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၈-၄-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

                   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၅)ဈေး၊ ဒေသတွင်းဈေးများတွင် ရာသီဝင် စိန်တလုံးသရက်သီးများ ရောင်းချလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုစိန်တလုံးသရက်သီးများ မှာ မြန်မာနိုင်ငံ (အလယ်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ဟံမြင့်မိုရ်မှ ထွက်ရှိသည့် သရက်သီးများဖြစ်ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိခဲ့ရပါသည်။

     နေပြည်တော်တွင် ဧပြီလသည် နွေရာသီ၏ အပူဆုံးကာလဖြစ်သော်လည်း၊ ပတ်ဝန်းကျင် မြို့နယ်များဖြစ်သည့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းတို့မှ ရရှိလာသောလတ်ဆတ်သည့် သီးနှံများဖြင့် ဈေးကွက်တွင် စိုပြေနေတတ်ပါသည်။ ဧပြီလအတွင်း နေပြည်တော်ဈေးကွက်တွင် တွေ့ရလေ့ရှိ သည့် အဓိကရာသီပေါ်သီးနှံများကို ဖော်ပြလိုက်ပါသည်။

    ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းတကော်ကျေးရွာအုပ်စု၊ အင်းမကျေးရွာတွင် နေထိုင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ CP ပြောင်းဖူးစေ့၊ ထောပတ်ပဲနှင့် မတ်ပဲ

              မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ မြန်မာ့စိန်တလုံးသရက်သီးမှာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း၊ ကျောက်ဆည်ဒေသ၊ စဉ့်ကိုင်ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမော

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ပြည်တွင်းဆီစက်/ဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပြီး

 

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထား လုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံမှ ကြက်သွန်နီသီးနှံကို ရေ၊ မြေရာသီဥတု နှင့် ကိုက်၍ သီးနှံဖြစ်ထွန်းမှုရှိ၍ အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးကြသည်။ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီသီးနှံကို မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလတွင် ထောပတ်ပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထောပတ်ပဲကို ပခုက္ကူ ခရိုင်အတွင်းရှိ ကျွန်းများ၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။ ပခုက္ကူခရိုင်တွင် ထောပတ်ပဲ စိုက်ပျိုးဧကမှာ (၂၃၀၀)ကျော်ရှိပြီး ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူ တည်၍ တစ်ဧကထွက်နှုန်းမှာ တင်း(၂၀)မှ (၂၅)တင်းထိ ထွက်ရှိကြောင်း၊ တစ်ဧကလျှင

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကျောက်အိုင်၊ ရွာသစ်၊