Monthly Archive Page

                      “ကွမ်းရွက်ဝါဆို၊ ကွမ်းခွေပြာသို” ဆိုသည့်စကားပုံများအတိုင်း ကွမ်းပင်များကို ဝါဆိုလများတွင် စိုက်ပျိုးကြပါသည်။ ကွမ်းစိုက်ပျိုးရာတွင် နည်းနှစ်နည်းဖြစ် စိုက်ပျိုးကြပါသည်။ ကွမ်းစိုက်သူများသည် ကွမ်းစိုက်ရန်အတွက် (၃) ပေ အရှည်ရှိသော ဝါးခြမ်းကြားတွင် ကွမ်းညွန့်များကို ချည်ထားရပါသည်။ ဝါးခြမ်းပြားကလေးများကို ယာယီအဖြစ်ထားပြီး ကွမ်းညွှန့်များတိုင်ထိပ်သို့ ရောက်လာသည့်အခါ ကွမ်းမှသာ တိုင်ရှည်များဖြစ် စိုက်ပျိုးကြရပါသည်။

                          ဟော်လန်ပန်း (ခေါ်) သစ္စာပန်းသည် အလွန်လှပပြီး အမွှေးအကြိုင်ရှိကာ မြန်မာနိုင်ငံတွင်ပါ လူကြိုက်များသော စိုက်ပျိုးရေးနှင့် အလှဆင်ပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းခြံများ၊ ပန်းဥယျာဉ်များ၌ အလှစိုက်ပျိုးရန်ဖြစ်စေ၊ ပန်းအိုးပန်းစိုက်များ၌ ပန်းအလှထိုးရန်ဖြစ်စေ၊ ပန်းပြပွဲများ၌ ပန်းအလှပြရန် ဖြစ်စေ အသုံးများသော ပန်းတစ်မျိုးမှာ အသွေးအရောင်စုံရှိ၍ ကြွကြွရွရွ အဖူးအပွင့်တို့ဖြင့်

              ဩဇာသီးပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် အလေ့ကျရှင်သန်ပေါက်သော အပင်မျိုးဖြစ်ပြီး စီးပွားဖြစ် စိုက်ပျိုးသော အပင်လည်းဖြစ်ပါသည်။ ဒေသကိုလိုက်၍ ဩဇာသီး၏ အရသာနှင့် အစေ့ပါဝင် မှုမှာ ကွဲပြားမှုများရှိပါသည်။ ဩဇာသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုပါသည်။ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ ပါရှိသော ကြောင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ကျန်းမာရေးကို ထိန်းသိမ်းပေးပါသည်။ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ ပါရှိသောကြ

            ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဦးမောင်ဝင်းပိုင်ဆိုင်သော ကျောက်ဖရုံသီးစိုက်ခင်းအား (၁၆.၈.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သွားရောက်လေ့လာကွင်းဆင်းခဲ့ပါသည်။ဧပြီလတွင် ကျောက်ဖရုံသီးများကို စတင် စိုက်ပျိုးပြီး ဇူလိုင်လတွင် ကျောက်ဖရုံသီးများကို စတင်ခူးဆွတ်ရောင်းပါသည်။ တစ်ခါခူးဆွတ်လျှင် ကျောက်ဖရုံသီး အလုံး (၃၀၀)ခန့် ခူးဆွတ်ရရှိပြီး (၄)ရက်ခြားတစ်ခါ အသီးပေါ်မူတည်ပြီး ခူးဆွတ်ရ ပါသည်။ ကျောက်ဖရုံသီးတစ်လ

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရွှေဝါကန်စွန်ဥများ ရောင်းချနေကြောင်းသိရှိရသည်။ ကန်စွန်းဥမျိုးများမှာ ရွှေဝါရောင်နှင့် ငချိတ်မျိုး ဟူ၍ (၂)မျိုးရှိရာ ယခုအချိန်တွင် ရွှေဝါရောင်ကန်စွန်းဥများသာ ဈေးကွက်တွင် ရောင်းချနေကြောင်းသိရပါသည်။ကန်စွန်းဥသည် ကျန်းမာရေးနှင့်ညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်သောကြောင့် ရွှေဝါရောင်ကန်စွန်းဥများ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နှင့် တောင်ခွေးရဲကျေးရွာ၊ ပျဉ်းပင်ကိုင်းကျေးရွာတို့တွင် အာဆီယံသပြေပန်းများကို စီးပွားဖြစ် စိုက်ပျိုးထားကြောင်းသိရသည်။ အာဆီယံသပြေများ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး နေ့စဉ်ဝင်ငွေ ရရှိသောကြောင့် သပြေပန်း စိုက်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ အာဆီယံသပြေသည် ရဲရဲနီသော ရွက်သစ်အညွန့် များကြောင့် ကြည့်ရဆန်းပြီး ကျက်သရေရှိသည့် နှစ်ရှည်သပြေပင် အမျိုးအစားဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာ သပြေပန

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၇ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

          ကရင်ပြည်နယ်အတွင်း စားသုံးသူများ၏ နေ့စဉ်စားသုံးမှုအတွက် ကြက်ဥများကို တောင်ကြီး ဈေးကွက်မှ ဝယ်ယူတင်သွင်း၍ ဘားအံမြို့နှင့် ဒေသတွင်းဈေးးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရသည်။ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကားကြီးဝင်းလမ်းရှိ ဦးသန်းထွန်းမင်း၏ ရွှေမင်း သားကြက်ဥအဝယ်ဒိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြက်ဥများကို တောင်းကြီးဈေးကွက်မှ ဝယ်ယူ တင်သွင်းပြီး တစ်ဆွဲလျှင် ၁၃၀

         ကရင်ပြည်နယ်ထွက် သံပရာသီး စိုက်ဧကတိုးတက်လာပြီး ဒေသတွင်း ကုန်သွယ်မှုသွက် လက်လျက်ရှိသည်။