ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ‌‌ရောင်းချနေသော ‌ဘိုစားပဲသီးနှင့် ရွှေပဲသီး ဈေးနှုန်း

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံများဖြစ်သည့်  တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥစသည်တို့ ရောင်းချလျက်ရှိရာ ‌ဘိုစားပဲသီးနှင့် ရွှေပဲသီးကို   မိမိတို့ဒေသမှ ထွက်ရှိသည့် သီးနှံနှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်၌ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက်ရှိသော ဘိုစားပဲသီး ဈေးနှုန်းမှာ ဘိုစားပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင် (၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အလားတူပင် မေလ တတိယပတ်တွင် ‌ရွှေပဲသီးဈေးနှုန်းမှာ  ‌ရွှေပဲသီး  တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀) ကျပ်နှင့် ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်း သီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)