ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းမှ ငရုပ်သီးစိမ်း ဈေးနှုန်း

  ကျွန်းလှမြို့တွင် ရာသီစာ ကုန်စိမ်းသီးနှံအစုံရောင်းချများ၊ ပေါ်ပင်သီးနှံများကို နေရာဒေသ မရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ ရောင်းချလျက်ရှိကြောင်း သိရပါသည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေးအတွင်း၌ ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး)တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊(၅၀)ကျပ်သား လျှင်(၁၃၀၀) ကျပ်နှင့်၂၅ကျပ်သားလျှင်(၈၀၀)ကျပ်၊ ကုလားအော်  ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀) ကျပ် နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)