ဒေသပေါက်ပင် စက်မှုကုန်ကြမ်း “ဆပ်ပြာသီး”
ရှမ်းပြည်နယ်အတွင်း မြို့နယ်အများစုတွင် ပေါက်ရောက်သော အရပ်အခေါ် ကျွဲခလောက်သီး (ခ) ဆပ်ပြာသီး မှာ စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့ လာသိရှိရပါသည်။ဆပ်ပြာသီး၏ အပေါ်ယံအခွံများအား ကြိတ်ခွဲပြီးသင့်တင့်သော အပူပေးသည့်အခါ ဓာတုဖြင့် ထုတ်လုပ်သောဆပ်ပြာများကဲ့သို့ အမြှုပ်ထခြင်း၊ ချေးချွတ်ပေးနိုင်ခြင်း စွမ်းရည်ထွက်ရှိလာ သည်ကို တွေ့ရှိပြီးနောက် ဆပ်ပြာတောင့်၊ ဆပ်ပြာရည်၊ ချေးချွတ်ဆေး၊ အရောင်တင်ဆေးများ ထုတ် လုပ်ရာတွင် အသုံးပြုနိုင်ခဲ့ပါသည်။
ယခုအခါ ဆပ်ပြာသီးကုန်ကြမ်း တစ်ပိဿာလျှင်(၂၅၀၀-၂၈၀၀)ကျပ်ဖြင့် ပွဲရုံများမှ ဝယ်ယူ၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းဝယ်ရကြောင်း သိရှိရပါသည်။ဒေသပေါက်ပင်များမှ ထွက်ရှိသော ဆပ်ပြာသီးသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်လာပြီး တစ်နှစ်ပတ်လုံးထွက်ရှိကာ ကျေး လက်ဒေသနေပြည်သူများ၏ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေသော သီးနှံတစ်ခုဖြစ်ကြောင်း လေ့ လာရေးသားတင်ပြလိုက်ရပါသည်။
DOCA(ရှမ်း)

















