ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ မတ်လ (၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကိုးသောင်းရပ်ကွက်ရှိ ဦးဝေလင်း၏ ခေတ္တရာဆီစက်၊ ရွှေကူရပ်ကွက်ရှိ ဒေါ်ပြုံးပြုံးအေး၏ ဆီရောင်းဝယ်ရေးလုပ်ငန်းနှင့် ပြည် - ရန်ကုန်လမ်း၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်မေဇင်ထက်၏ စိန်နွားမင်း၊ မလိုင်နှင့်ယိုမျိုးစုံအရောင်းဆိုင်တို့သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန် ရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ဦးရဲမျိုးအောင်၏ သရဖူဆန်စက်သို့လည်းကောင်း၊ ပန်းတောင်း မြို့နယ်၊ လမ်းမတော်လမ်း၊ ဥသျှစ်ပင်လမ်းရှိ ဒေါ်စိုးရည်ဦး၏ ပင်ရွှေဦးဆန်ပွဲရုံနှင့် ဒေါ်လှတင်၏ ဘုရင်မဆန်ပွဲရုံတို့သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ညောင်ပင်လေး ဈေးရှိ ဒေါ်ခင်မြင့်ကြူ၏ ဇွဲဓန၊ ပဲယို၊ နှမ်းယိုရောင်းချသည့် ဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိ သော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)

















