ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာသည့် ရွှေဘိုနှမ်းဈေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ စတုတ္ထအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်း အခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ နှမ်းဖြူနှင့် နှမ်းနက်များမှာ နိုဝင်ဘာလ၊ တတိယအပတ် မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူ တစ်တင်းလျှင် (၁၁၃၃၀ဝိ/-) ကျပ် ပေါက်ဈေး ရှိပြီးတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ(၉၀၀)တင်း/ (၂၂)တန် ဖြစ်ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် (၁၁၁၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၀၀၀)တင်း/(၂၄)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင်(၁၀၈၃၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့ သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းဖြူတစ်တင်းလျှင်(၃၃၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၃၃၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် နှမ်း(နက်) တစ်မျိုးတည်းသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး တစ်တင်း လျှင် (၈၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် နှမ်း (နက်)တစ်တင်း လျှင် (၃၁၆၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

















