Domestic and Foreign Trade News

Date:

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြောင်း၊ ကန့်ဘလူမြို့နယ်တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် များမှ လာရောက်ရောင်းချလျက်ရှိကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ ကိုလူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

Date:

  စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင် ၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့် ပူးပေါင်း ပြီး ဆန်ရောင်းချမှုအခြေအနေများကိုစစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် လျက်ရှိရာ (၉.၄.၂၀၂၅) ရက်နေ့တွင် 

Date:

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ  (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၁၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

Date:

   ဝါသီးနှံကို ဝါကြီး၊ မလှိုင်ဝါ၊ ချည်မျှင်ရှည်ဝါ စသည်ဖြင့် ဒေသအလိုက် ခွဲခြားစိုက်ပျိုးကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်တို့တွင် စိုက်ပျိုးထုတ်လုပ်လျှက်ရှိသော  ဝါကြီး ကို မေ၊ ဇွန်၊ ဇူလိုင် လများတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ များတွင် ရိတ်သိမ်း သည့်အတွက် ယခုအချိန်သည် ဝါသီးနှံထွက်ရှိသည့် ကာလ ဖြစ်ပါသည်။

Date:

 ဥသျှစ်ပင်သည် အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်သည်။ ဥသျှစ်ရွက်က အစိမ်း ရောင်ရှိပြီး ခပ်ရှိန်းရှိန်းအနံ့မွှေးပါသည်။ အညာဒေသမှာတော့ တမာပင်၊ ကုက္ကိုလ်ပင်၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ညောင်ပင်များနှင့်အတူ ဥသျှစ်ပင်များမှာ သဘာဝအလျောက်ပေါက် ရောက်သော အရိပ်ရသစ်ပင်များဖြစ်သည်။ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ရွက်နုကိုလည်းကောင်း၊ ထနောင်းပင်မှ ထနောင်းရွက်နုကို လည်းကောင်း၊ ညောင်ချဉ်ပင်မှ ညောင်ချဉ်ရွက် ကိုလည်းကောင်း ခူးယူ၍ အတို့အမြုပ်လုပ်၍ ဖြစ်စေ၊ ပြုတ်ပြီးသုပ်၍ဖြစ်စေ စားသောက်ကြသလို ဥသျှစ်ပင်မှ ဥသျှစ်ရွက်နုကလေးများကိုလည်း အတို့အမြုပ်လုပ်၍ စားသောက်ကြပါသည်။ဥသျှစ်ရွက် နေ့စဉ် မ

Date:

  အညာဒေသတွင် တမာပင်၊ ကုက္ကိုလ်ပင်၊ ထနောင်းပင်၊ ညောင်ပင်များနှင့်အတူ မန်ကျည်းပင်မှာလည်း သဘာဝကပေးသော ဟင်းလျာနွယ်ဝင် နတ်ဆေးပင်များဖြစ်ပါသည်။ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ရွက်နုကို လည်းကောင်း၊ ထနောင်းပင်မှ ထနောင်းရွက်နုကို လည်းကောင်း၊ ညောင်ချဉ်ပင်မှ ညောင်ချဉ်ရွက် ကိုလည်းကောင်း ခူးယူ၍ အတို့အမြုပ်လုပ်၍ ဖြစ်စေ၊ ပြုတ်ပြီးသုပ်၍ဖြစ်စေ စားသောက်ကြသလို မန်ကျည်းပင်မှ မန်ကျည်းရွက်နုနုကလေးများ ကိုလည်း ခူးယူ၍ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ မိုးဦးကျကာလတွင် အညာ ဒေသမန်ကျည်းပင်မှ မန်ကျည်းရွက်နုများ ဖြိုင်ဖြိုင်ထွက်ပေါ်လျှက် ရှိပါသည်။ မန်ကျည်းရွက် နုနုကလေးများကိ

Date:

   မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်နီများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းများလည်းကျဆင်း လာကြောင်းသိရသည်။ ဆောင်းကြက်သွန်နီမှာ ပုံမှန်အားဖြင့် ဧပြီလတွင်အများဆုံး ထွက်ရှိသော် လည်း ယခုနှစ်တွင် အစောစိုက်သူများသည့်အတွက် ရာသီချိန်စော၍ထွက်ရှိသဖြင့် ဈေးကွက်သို့ အဝင် လှိုင်ခြင်းဖြစ်သည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီကို မလှိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးရာ ဧပြီတတိယပတ်တွင် မိတ္ထီလာ၊ မလှိုင်မြို့နယ်များမှ ရန်ကုန်၊ ပဲခူး၊ မောလမြိုင်၊ တာချီလိတ်၊ မိုင်းလား မြို့များသို့ တင်ပို့မှုများကြောင်း သိရသည်။ ယခုနှစ်ကြက်သွန်နီကို တောင်သူ၊ ကုန်သည်များက သိုလှောင်မှုနည်းပြီး သီန

Date:

  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင် မြင်ရာ သစ်သီးဝလံများတွင် ဖရဲသီးကို မိတ္ထီလာမြို့နယ်တွင် (၅၀၅) ဧက၊ သာစည်မြို့နယ်တွင် (၉၄၄) ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၈၄၃) ဧက စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ (၂၃၀၀) လုံး ကျော်ထွက် ရှိကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Date:

 ပွင့်လင်းရာသီရောက်ပြီဖြစ်၍   မန္တလေးစျေးကွက်အတွင်း  ဆီးသီးအခြောက်အများအပြား ဝင်ရောက်လျက်ရှိပြီး     အရောင်းသွက်လျက်ရှိကြောင်း   သိရပါတယ်။   မန္တလေးတိုင်းဒေသကြီး အတွင်း အမရပူရ၊ပုသိမ်ကြီး၊ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်တို့တွင် ထိုင်ဝမ်မျိုးကိုင်းကူး ဆီးသီးနှင့် ဒေသမျိုးဆီးပဲလှော်ပင် အများအပြား စိုက်ပျိုးလျက်ရှိပြီး၊       စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး  နှင့် ကျန်ဒေသတို့မှလည်း  ဆီးသီးများဝင်ရောက်ကြောင်း    သိရပါတယ်။

Date:

  ဧပြီလဒုတိယပတ်အတွင်းမန္တလေးကုန်စိမ်းစျေးကွက်သို့ ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုပဲစိမ်းများ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်း မြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများဝင်ရောက်မှုများပြီး၊ ကျန်ဒေသများ မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက် လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ ရှမ်းပြည် နယ်ထွက်ကုန်စိမ်းမျာ

Date:

 ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဧပြီလဒုတိယပတ် အသား၊ ငါးနှင့်ဥ ဈေးနှုန်း များမှာ ကြက်သား(CP)(အသားတိုး) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ၊ ကြက်သား (CP) (ဥနှုန်းကျ) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ၊ ဝက်သား တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ် ၊ ဆိတ်သား တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးပိ တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်၊ ငါးတံခွန် ခြောက်တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

Date:

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်  သစ်သီးဝလံများ ရန်ကုန် သီရိမင်္ဂလာဈေးဘက်မှ ဝင်ရောက်နေပြီး သစ်သီးဝလံဈေးနှုန်းများမှာ မအူပင်ဒေသထွက်စိုက်အပျိုးသော အုန်းသီး တစ်လုံး ၃၀၀၀ကျပ်၊ ငှက်ပျော်သီး ၁ဖီး ၃၀၀၀ကျပ်၊ ဝေါ၊ ဒိုက်ဦးဘက်မှ စိုက်ပျိုူးသော ဖရဲသီး ၁လုံး ၅၀၀၀ကျပ်၊ ရေကြည်မြို့နယ်စိုက်ပျိုးထွက်ရှိသော ဖရဲသီးအကြား ၁လုံး ၈၀၀၀-၁၀၀၀၀ကျပ်၊ ဘားအံဘက်မှ လာသော သရက်သီး ၁လုံး ၁၃၀၀-၁၅၀၀ကျပ်၊ ပန်းတနော်၊ ညောင်တုန်းဘက်မှ စိုက်ပျိုးထွက်ရှိသော မာလကာသီး ၁၀၀၀-၁၅၀၀ကျပ်၊ ရှမ်းပြည်ဘက်မှ ပန်းသီး ၁လုံး ၃၀၀၀ကျပ်၊ လိမ္မော်သီး ၁လုံး ၁၅၀၀ကျပ်၊ ထောပတ်သီး ၁လုံး ၂၀၀၀-၂၅၀၀ကျပ်၊ သီပေါ နာနတ်သီး ၁လုံး ၈၀၀၀

Date:

         စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ မတ်လ (၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင်၊  ပြည်မြို့နယ်၊ ကိုးသောင်းရပ်ကွက်ရှိ ဦးဝေလင်း၏ ခေတ္တရာဆီစက်၊ ရွှေကူရပ်ကွက်ရှိ ဒေါ်ပြုံးပြုံးအေး၏ ဆီရောင်းဝ

Date:

  ယခုအချိန်သည် လိမ္မော်သီးမျာထွက်ရှိနေသည့် ကာလဖြစ်ပါသည်။ လိမ္မော်သီးသည် လူကြိုက်များ သော အသီးတစ်မျိုးဖြစ်သည့်အတွက် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ လိမ္မော်ပင်သည် မြေသားထုနက်ပြီး သဲကဲ့သို့မဖွာ စနယ်ကဲ့သို့ မစေးသော မြေမျိုးတွင်ကောင်းစွာဖြစ် ထွန်းသည်။ ရေဝပ်သောမြေနှင့် စိမ့်ပေါက်သောမြေသို့တွင် မဖြစ်ထွန်းပေ။ မြန်မာနိုင်ငံတွင် လိမ္မော်သီးထွက် ရှိသည့်ကာလမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ယခုအချိန်သည် ထွက်ရှိမှုအများဆုံး ကာလ ဖြစ်သည်ဟုဆိုနိုင်ပါသည်။

Date:

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒေသထွက်စတော်ဘယ်ရီသီးများ စတင်ရောင်းချ လျက်ရှိပါသည်။ စတော်ဘယ်ရီသီးကို တောင်ပေါ်ဒေသတွင် အဓိကထားစိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီးများကို ဇူလိုင်လနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ခူးဆွတ်ရကြောင်းသိရပါသည်။ စတော်ဘယ်ရီပင်များသည် မြေလျှောက်ပင်ဖြစ်ပြီး အသီးများ သီးလျှင် ပုရွတ်ဆိတ်ဒဏ်မှ ကင်းလွတ်စေရန် အပင်များကြားတွင် ကောက်ရိုးများထည့်သွင်းစိုက်ပျိုး ရကြောင်းနှင့် စတော်ဘယ်ရီပင်များ စိုက်ပျိုးရာတွင် နွားချေး၊ ကြက်ချေးနှင့် ဓာတ်မြေဩဇာများထည့်၍ စိုက်ပျိုးရကြောင်းသိရပါသည်။

Date:

  ဈေးချို၊ အလွယ်တကူဝယ်ယူလို့ရပြီး အရာသာချိုချိုဆိမ့်ဆိမ့်စေးစေးလေးရှိသည့် ကန်စွန်းဥကို ပြုတ်ပြီး ဆီ၊ ဆားနှင့်စားကြသလို မီးဖုတ်၍လည်းကောင်း၊ ပေါင်းစား၍လည်းကောင်း၊ ယိုထိုးစား၍ လည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ကန်စွန်းဥခြောက်ကြော်အပြင် အခြားမုန့်မျိုးစုံ ပြုလုပ် ရာတွင်လည်း ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါသည်။ ကန်စွန်းဥအား ခရမ်းရင့်ရောင်၊ ကြက်ဥ နှစ်ရောင်၊ အဝါရောင်တို့ကို အများဆုံးတွေ့ရလေ့ရှိပြီး အနီရောင်နှင့်အဖြူရောင်တို့လည်း ရှိပါသည်။

Date:

   ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ငရုတ်သီးစိမ်း (ကုလားအော်သီးာ)  တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

Date:

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ စတုတ္ထအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်း အခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ  နှမ်းဖြူနှင့် နှမ်းနက်များမှာ နိုဝင်ဘာလ၊ တတိယအပတ် မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ စတုတ္ထအပတ်တွင် အ

Date:

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေး၌ ပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ်လာရောက်သည့်အပြင် ဆိပ်ဖြူနှင့် ယောဒေသမှ စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားကြပါသည်။ ရေထွက်ကုန်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ မှာယူရောင်းချကြောင်းသိရပါသည်။

Date:

၂၉.၁.၂၀၂၃ရက်‌နေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ဆီ၊မီးဖိုချောင်သုံးပစ္စည်းများ သား၊ငါး၊စက်သုံးဆီ၊ရွှေ၊ဒေါ်လာဈေးနှုန်းများအား အောက်ပါအတိုင်း ဝင်ရောကိကြည့်ရှုနိုင်ပါသည်-