စိုက်ပျိုးရောင်းချသူ၊ စားသုံးသူအတွက် ဖရဲသီး

  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင် မြင်ရာ သစ်သီးဝလံများတွင် ဖရဲသီးကို မိတ္ထီလာမြို့နယ်တွင် (၅၀၅) ဧက၊ သာစည်မြို့နယ်တွင် (၉၄၄) ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၈၄၃) ဧက စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ (၂၃၀၀) လုံး ကျော်ထွက် ရှိကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

       ဖရဲသီးမှာ ရေဓါတ်ကြွယ်ဝတဲ့အတွက် အမောပြေ၊ ရေငတ်ပြေခြင်းကြောင့် လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး၊ ဖရဲသီးမှာပါဝင်တဲ့  ဗီတာမင်စီ၊ ကာရိုတီးနွိုက်၊ ပိုတက်စီယမ်စတဲ့ဓါတ်တွေက လည်း သွေးအတွင်း ကိုလက်စထရောကိုလျော့ချပေးနိုင်ခြင်း၊ နုလုံးအမောဖောက်တာကို ကာကွယ် ပေးခြင်း၊ မျက်လုံးကျန်းမာရေးနဲ့အမြင်အာရုံထိခိုက်မျာကို မစိုးရိမ်ရခြင်း၊ ကြွက်သားနာကျင်မှုကို လျော့ ချပေးနိုင်ခြင်း၊ အစာချေစနစ်ကို ကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးများစွာရှိသည်။ ထိုသို့သော အကျိုးကျေးဇူးများသည့် ဖရဲသီးကို ဈေးကွက်မှာ ရောင်းချနေသည်မှာ ဖရဲသီးတစ်လုံးလျှင် (၈၀၀၀- ၁၀၀၀၀) ကျပ်၊ ဖရဲသီးစိတ်တစ်စိတ်ကို (၁၀၀၀) ကျပ်များနှင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။ နွေရာသီအမောပြေ ရေငတ်ပြေစေတဲ့ ဖရဲသီးသည် စိုက်ပျိုးရောင်းချသူ အတွက်ရော၊ စားသုံးသူအတွက်ပါအကျိုးကျေးဇူးများသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

DOCA(မန္တလေး)