အသား၊ငါး ဈေးနှုန်းအခြေအနေ

 ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဧပြီလဒုတိယပတ် အသား၊ ငါးနှင့်ဥ ဈေးနှုန်း များမှာ ကြက်သား(CP)(အသားတိုး) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ၊ ကြက်သား (CP) (ဥနှုန်းကျ) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ၊ ဝက်သား တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ် ၊ ဆိတ်သား တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးပိ တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်၊ ငါးတံခွန် ခြောက်တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

  ယခင်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဝက်သားတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတက်သွားကြောင်းနှင့် ကျန်အသား၊ ငါး ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရ ပါသည်။ ဝက်နှင့်နွား မွေးမြူသူများနည်းလာခြင်းကြောင့် ကုန်ကြမ်းများ ရှားပါးလာသဖြင့် ဝက်သားဈေးနှုန်းနှင့် အမဲသားဈေးနှုန်းများ တက်သွားရခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်ရပါသည်။

DOCA(ကယား)