Main menu

ပေါက်ခရိုင်၊ ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၌ ပျိုးပင်စိုက်ကြက်သွန်နီတောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာအုပ်စု၊ ယောချောင်း ဘေးရှိ ပျဉ်းချောင်း၊ ထန်းတောကုန်း၊ ဆူးလေကုန်း၊ ဆယ်ဝ၊ ဆင်သေ၊ အောက် ကျင်း စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး စပါး၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ ခရမ်းချဉ်သီး စသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ပျိုးပင်စိုက်ကြက်သွန်နီများကို အောက်ကျင်းကျေးရွာ၌ တောင်သူ(၁၅၀)ဦးမှ ယောချောင်း သဲသောင်ပြင်တွင် ဒေသအခေါ် (၁)ကျင်းလျှင် (၁၅)ပေပတ်လည်ခန့်ရှိသော ကြက်သွန်နီ စိုက်ကျင်း ပေါင်း(၂၅၀၀၀)ခန့်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် မျိုးကိုယခင်နှစ်ကြက်သွန်နီစိုက်ခင်းမှမျိုးယူကာ ရေဖြန်း စနစ်ဖြင့်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကြက်သွန်နီစိုက်ကျင်း(၁၀၀)လျှင် မျိုး(၁၀)ပြည်ခန့် ကုန်ကျပြီး မိမိအနေဖြင့် ကျင်း(၅၀၀)ခန့်စိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် စတင် စိုက်ပျိုးပြီး ဧပြီလတွင်တူးဖော်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က ကျင်း(၁၀၀)လျှင် ကျပ်(၃၅)သိန်းခန့်ကုန်ကြပြီး ယခုနှစ်တွင် လုပ်အားခ၊ မြေပြုပြင်ခနှင့် စက်သုံးဆီခဈေးမြင့်လာသော ကြောင်း ကျပ်(၄၅)သိန်းခန့်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က ကျင်း(၁၀၀)လျှင် ပိဿာချိန်(၃၀၀၀)ထွက်ရှိပြီး ယခုနှစ်တွင်မူ ပိဿာချိန်(၄၀၀၀)နီးပါးထွက်ရှိကြောင်း၊ ဈေးနှုန်းအနေ ဖြင့် ယခင်နှစ်က ကြက်သွန်နီတစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၁၅၀၀)ရရှိပြီး  ယခုနှစ်တွင် ကျပ်(၂၃၀၀)ရရှိသောကြောင့် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံးများသို့ တင်ပို့ရောင်းချကြောင်း အောက်ကျင်းကျေးရွာနေ ကြက်သွန်နီစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

နှင်းလွင်ဦး(မကွေး)