Main menu

ကရင်ပြည်နယ်ဒေသထွက်ရာသီစာပိန္နဲသီးဈေးနှုန်း

Powered by Drupal

         ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ပိန္နဲသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ ပိန္နဲသီးသည်ပူနွေသောရာသီတွင် လှိုင်လှိုင်ပေါလေ့ရှိပြီး အိမ်မာနှင့်အိမ်ပျော့ဟူ၍နှစ်မျိုးရှိသည်။ အသားကြွပ်ဆက်ဆက် အိမ်မာသီးကို လူကြိုက်များလှပါ သည်။ ချိုချိုလေးနဲ့ အရသာရှိတဲ့ ပိန္နဲသီးကို အခွံနွာကာ အသစ်သီအဖြစ် အဆာပြေ စားကြသလို ယို၊ ဂျယ်လီ၊ ရေခဲမုန့်၊ စည်သွတ်ဘူးအဖြစ်သော်လည်းကောင်း၊ အစေ့ကိုပြုတ်၍သောလည်ကောင်း၊ အသီးနုနုကိုပြုတ်ကာ ပိန္နဲသီးသုပ်၊ ပိန္နဲသီးသနပ်၊ တာလပေါ့ဟင်းရည်စသည့်ဖြင့် အမျိုးမျိုး ချက်စားနိုင်ပါသည်။ ပွင့်လင်းရာသီ နွေရာသီချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ပိန္နဲသီးများ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။ ပိန္နဲသီး အလုံးကြီးတစ်လုံးဈေးနှုန်း (၁၅၀၀၀) ကျပ်၊ ပိန္နဲသီးအလုံးလတ်တစ်လုံးဈေးနှုန်း (၁၀၀၀၀) ကျပ်၊ နှင့် ပိန္နဲသီးအလုံးငယ်တစ်လုံးဈေးနှုန်း (၈၀၀၀) ကျပ်၊ တို့ဖြင့် ဈေးကောင်းရ၍ အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)