Main menu

ပုထိုးစမ်းကျေးရွာတွင် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်အုပ်စုရှိ ပုထိုးစမ်းကျေးရွာသည် နှမ်း၊ ကုလားပဲ၊ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး မြေပဲစိုက်တောင်သူမှာ (၅၀)ဦးခန့်ရှိပြီး စိုက်ဧက(၃၀၀၀)ဧကကျော် စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

   ယခင်နှစ်ကထွက်ရှိသည့် မြေပဲများကို မျိုးအဖြစ်ဖယ်ချန်ကာ ကြောင်းဆွဲစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မြေပဲစိုက်ခင်း(၆)ဧကခန့် စိုက်ပျိုးထားပြီး တစ်ဧကလျှင် မျိုး(၃)တင်းခန့် ကုန်ကျကြောင်း၊  ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်းကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် ကျပ်(၆၀၀၀၀၀)ခန့်ကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ်(၇၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၁)ဧကလျှင် ယခင်နှစ်နည်းတူ ယခုနှစ်တွင်  မြေပဲတောင့် တင်း(၈၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းမှာ ယခင်နှစ်က မြေပဲတောင့်တစ်တင်းလျှင် ကျပ်(၁၇၀၀၀)၊ မြေပဲဆံ တစ်တင်းလျှင် ကျပ် (၁၃၀၀၀၀)ဈေးရရှိခဲ့ပြီး ယခုနှစ် ၂၀၂၄ခုနှစ်၊ ဧပြီလ(တတိယပတ်)တွင် မြေပဲတောင့် တစ်တင်းလျှင် ကျပ်(၂၀၀၀၀)၊ မြေပဲဆံ တစ်တင်းလျှင်  ကျပ်(၁၆၀၀၀၀)အထိ ဈေးရရှိကြောင်း၊  မိမိအနေဖြင့် မြေပဲတောင့်အဖြစ်သာ မကွေးမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် သွင်းအားစုစရိတ် မြင့်တက်လာသော်လည်း မြေပဲတောင့်၊ မြေပဲဆံဈေးနှုန်းမှာ ဈေးကောင်းရရှိသောကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိပါကြောင်း ပုထိုးစမ်းကျေးရွာနေ မြေပဲစိုက်တောင်သူဦးလှမြင့်ထံမှ သိရှိရပါသည်။

DOCA(မကွေး)