Main menu

စားအုန်းဆီရောင်းချနေမှုများအား စိစစ်ကြပ်မတ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ် (ခ)၊ စည်ပင်လမ်း၊ (၂၅) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်ရှိ စိန်ကျော်စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသည့် အရောင်းဆိုင်သို့သွားရောက်၍ စားအုန်းဆီများ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ်  သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ အလေးချိန်မှန်ကန်စွာရောင်းချပေးခြင်းရှိ/မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီ ၁ပိဿာလျှင် လက်လီဈေး ၅၇၄၀ကျပ်နှင့် လက်ကားဈေး ၅၅၄၀ကျပ်တို့ဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)