Main menu

သင်္ကြန်အတာအိုးများ ပြည်ဈေးကွက်သို့ စတင်ဝင်ရောက်

Powered by Drupal

      မြန်မာလူမျိုးများ၏ နှစ်စဉ်မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလအတွင်း အသုံးပြုရန်အတွက် သင်္ကြန်အတာအိုးများကို ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ မတ်လ တတိယပတ်မှ စတင်ဝင်ရောက်ကာ လက်လီ-လက်ကား ဖြန့်ချိရောင်းချလျက်ရှိပါသည်။ အဆိုပါ သင်္ကြန်အတာအိုးများကို ပဲခူးတိုင်းဒေသကြီး၊ (အနောက်ပိုင်း)ရှိ ပေါက်ခေါင်းမြို့နယ်၊ ချောင်းခေါင်းအုပ်စု၊ ချောင်းခေါင်းရွာမှ အတာအိုးများ၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကံရပ်ကွက်မှ ဖောင်းကံအိုးများနှင့် အောင်လံမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာမှတင်သွင်းသော အတာအိုးများကို ပြည်ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိပါသည်။ နှစ်သစ်ကူး သင်္ကြန်အကြိုပန်းအိုး၊ အတာစားအိုး၊ ကဆုန်ညောင်ရေသွန်းအိုးများကို တွင်တွင်ကျယ်ကျယ်ရောင်းချနေပြီဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် အကြိုပန်းအိုး (အတာ)အိုးအသေးတစ်လုံးလျှင် (၈၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အတာစားအိုးတစ်လုံးလျှင် (၅၀၀)ကျပ်အထိရှိပြီး ဝယ်ယူသူများအနေဖြင့် ကြိုတင်ဝယ်ယူသူများနည်းပါးနေကြောင်းသိရပါသည်။ ဧပြီလ ဒုတိယပတ်ဖြစ်သော သင်္ကြန်ရက်နားနီးမှ ဝယ်ယူပါက အကြို(အတာအိုး)၊ အတာစားအိုးတို့မှာ ဈေးနှုန်းအနည်းငယ်ကျသည့်အတွက် အရောင်းအဝယ်ပိုမည်ဖြစ်ကြောင်း အတာအိုးရောင်းချသူထံမှသိရှိရပါသည်။

DOCA(ပဲခူး)