ပခုက္ကူမြို့ပေါ်၌ ဧပြီလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၂၅၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ စားအုန်းဆီတစ်ပိဿာကျပ် (၅၇၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် (၁၄၅၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခင်ဧပြီလ(ပထမပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ဒုတိယအပတ်တွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီဈေးနှုန်းမှာ ဈေးငြိမ်လျက်ရှိကြောင်း၊ ဈေးငြိမ်ရခြင်းမှာ  ဆီထွက်သီးနှံပေါ်ချိန်ဖြစ်၍ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲများဝင်ရောက်လျက်ရှိသော်လည်း သီးနှံဈေးကွက်ကျဆင်းခြင်းမရှိ၍ စားသုံးဆီများမှာလည်းဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စားသုံးဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

     ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များကလည်း မြေပဲဆန်၊ မြေပဲဆီများထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့လည်း မြေပဲဆီများထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)