ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
08 May 2024

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် လွန်ခဲ့သည့် ၂၀၂၄ခုနှစ်၊ ဧပြီလ ၆ရက်နေ့၌ Octane 92 တစ်လီတာလျှင် ၂၈၃၅ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၉၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၉၅ကျပ်ရှိပါသည်။ 

08 May 2024

    နေပြည်တော်တပ်ကုန်း‌ဒေသထွက် ဖရဲသီးများအား တောင်သူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများသည် ဒေသတွင်းမှထွက်ရှိသော ဖရဲသီးများထက် အရသာပိုမိုကောင်းမွန် သောကြောင့် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

08 May 2024

       အရောင်အသွေး၊ အနံ့၊ အရသာနှင့်ပြည့်စုံသော စပျစ်သီးသည် ယခုနွေရာသီတွင် ကျန်းမာရေးနှင့်ညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်သည်။ စပျစ်သီးတွင် ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ သီရာမင်း၊ ဗီတာမင် BG၊ ပိုတက်ဆီယမ်၊ ကော့ပိုး၊ မဂ္ဂနီဆီယမ် စသည့် အာဟာရ (၁၃) မျိုးပါဝင်သည်။

08 May 2024

        တောင်ငူမြို့အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထွက် သစ်သီးဝလံများကို တောင်ငူမြို့၊ ညောင်ပင်ဈေးသို့ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါတွင် မင်းဂွတ်သီးနှင့် ကြက်မောက်သီးများရောင်းချနေပြီဖြစ်ပါသည်။

08 May 2024

      တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချလျက်ရှိရာ စရစ်ရိုးများမှာ ပေါ်ခါစ၌ တစ်စည်းလျှင် ၃၀၀ကျပ်၊ (၄)စည်းယူလျှင် ၁၀၀၀ကျပ်ပေးရပြီး ၂၀၂၄ခုနှစ်၊ မေလအစပိုင်းတွင် ရောင်းချသောဈေးနှုန်းအနေဖြင့် တစ်စည်းလျှင် ၂၅၀ကျပ်၊ (၄)စည်းယူလျှင် (၁၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

Pages