Main menu

ဆန်စပါးဆိုင်ရာအပတ်စဉ် ဈေးကွက်၊ ဈေးနှုန်းသုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ ပြည်တွင်းစပါးစိုက်ပျိုးမှုမှာ ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရန် လျာထားဧက (၁၅.၀၆၆) သန်းအပေါ် (၃၁.၁၂.၂၀၂၀) ရက်နေ့အထိ (၁၄.၉၂၆) သန်း (၉၉.၀၇%) စိုက်ပျိုးနိုင်ခဲ့ပြီး၊ ရိတ်သိမ်းဧက (၁၃.၅၅၈) သန်းအပေါ် (၁) ဧကပျမ်းမျှအထွက်နှုန်း(၇၂.၀၉)တင်းဖြင့်စပါးတင်း (၉၇၇.၄၄၈) သန်းထွက်ရှိနေပြီဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ခုနှစ်၊ နွေစပါးများ လည်း စိုက်ပျိုးနေပြီဖြစ်ရာ စိုက်ပျိုးရန်လျာထားဧက(၂.၆၈၀) သန်းအပေါ်၃၁.၁၂.၂၀၂၀ရက်နေ့အထိ(၁.၀၇၁)သန်း(၃၉.၉၇%) စိုက်ပျိုးပြီးဖြစ်ပါသည်။

        ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ USDA ၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့စပါးစိုက်ပျိုးမှု ၁၆၂.၄၃ ဟက်တာသန်း (ဧက၄၀၁.၂၀၂သန်း)၊ အထွက်နှုန်းတစ်ဟက်တာ ၄.၆၁ မက်တန် (၂၂၀.၈၆၅တင်း)၊ စုစုပေါင်း အထွက်မက်တန် ၅၀၁.၂၀ သန်း(စပါးတင်း ၂၄၀၁၂.၄၉၂သန်း) ဖြစ်ပါသည်။

ပြည်တွင်း စပါး၊ ဆန်ဈေးနှုန်းအခြေအနေ

၁၄.၁.၂၀၂၁ ရက်နေ့ရှိ ဧည့်မထအုပ်စုဝင် စပါး၊ဆန် ပြည်တွင်းဈေးနှုန်း

(၄၆) ပေါင်ကိုက် မိုးစပါးသစ်                အလတ်စ (၁၀၈) ပေါင်ဝင်

တင်း(၁၀၀) ဈေးနှုန်း                            ဆန်သစ် တစ်အိတ် ဈေးနှုန်း

-  ရန်ကုန် (သန်လျင်)        ၅၉၀၀၀ဝိ/-      ရန်ကုန်(သန်လျင်)၂၄၀၀ဝိ/-

-  ပုသိမ်                       ၆၄၄၀၀ဝိ/-      ပုသိမ်                   ၂၅၀၀ဝိ/-

-  ပဲခူး                          ၆၁၆၀၀ဝိ/-      ပဲခူး                      ၂၄၀၀ဝိ/-

-  မန္တလေး                    ၇၃၀၀၀ဝိ/-      မန္တလေး               ၂၇၀၀ဝိ/-

-  ပျဉ်းမနား                  ၇၂၀၀၀ဝိ/-      ပျဉ်းမနား             ၂၅၅၀ဝိ/-

-  စစ်တွေ                     ၅၆၀၀၀ဝိ/-      စစ်တွေ                ၂၃၂၀ဝိ/-

-  မော်လမြိုင်               ၅၈၂၀၀ဝိ/-      မော်လမြိုင်          ၂၃၀၀ဝိ/-

- မကွေး                       ၇၀၀၀၀ဝိ/-      မကွေး                 ၂၇၅၀ဝိ/-

ပြည်တွင်းဆန်ကွဲ(၁၀၈)ပေါင်ဝင် (၁) အိတ်ဈေးနှုန်းအခြေအနေ

                        B 1,2                            B 2,3,4                    Extra

ပုသိမ်               ၁၉၀၀ဝိ/-                     ၁၈၀၀ဝိ/-                     ၂၁၀၀ဝိ/-

ပဲခူး                  ၁၉၅၀ဝိ/-                     ၁၈၅၀ဝိ/-                     ၂၀၅၀ဝိ/-

ရန်ကုန်              ၁၉၆၀ဝိ/-                     ၁၈၈၀ဝိ/-                     ၂၀၆၀ဝိ/-

ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့နိုင်မှုနှင့်ပြည်ပဈေးကွက်အခြေအနေ

            ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၁-၁-၂၀၂၁ နေ့ထိ) နိုင်ငံပေါင်း (၃၃)နိုင်ငံသို့ ဆန်တန်ချိန်(၄၀၈၄၅၄)၊ တန်ဖိုး (၁၆၃.၉၃၉) USD သန်း တင်ပို့နိုင်ခဲ့ပြီး၊ တရုတ်၊ ဖိလစ်ပိုင်၊ ပိုလန်နှင့်  မလေးရှား နိုင်ငံများသို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အလားတူကာလတွင် ဆန်တန်ချိန်(၆၃၂၀၉၃)၊ တန်ဖိုး(၁၈၉.၀၂၃)USD သန်း တင်ပို့ခဲ့သဖြင့် ယခင်နှစ် ထက် ဆန်တန်ချိန် (၂၂၃၆၃၉)၊ တန်ဖိုး(၂၅.၀၈၄) USD သန်းလျော့နည်း တင်ပို့ခဲ့ပါသည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၁-၁-၂၀၂၁ နေ့ထိ) နိုင်ငံပေါင်း(၁၈)နိုင်ငံသို့ တန်ချိန်(၂၃၉၇၀၄)၊ တန်ဖိုး (၈၁.၁၅၇) USDသန်း တင်ပို့နိုင်ခဲ့ပြီး၊ တရုတ်၊ ဘယ်ဂျီယံ၊ ထိုင်း၊ နယ်သာလန်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အလားတူကာလ တွင် ဆန်ကွဲတန်ချိန်(၂၉၁၄၉၃)၊ တန်ဖိုး(၇၅.၇၅၁) USD သန်း တင်ပို့ခဲ့ သ ဖြင့် ယခင်နှစ်ထက် ဆန်ကွဲတန်ချိန် (၅၁၇၈၉)၊ တန်ဖိုး(၅.၄၀၆) USD သန်း လျော့နည်း တင်ပို့ခဲ့ပါသည်။

မူဆယ် (၁၀၅)မိုင် ကုန်စည်ဒိုင်သို့ ဆန်၊ ဆန်ကွဲဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

            မူဆယ် (၁၀၅)မိုင် ကုန်စည်ဒိုင်သို့ (၄-၁-၂၀၂၁ မှ ၁၁-၁-၂၀၂၁ နေ့ထိ) ဆန်တန်ချိန် (၄၆၄၇)၊ ဆန်ကွဲ တန်ချိန် (၁၁၀၅၂) ဝင်ရောက်ခဲ့ပါသည်။ ရွှေလီအရောက် ဈေးနှုန်းမှာ ဆန်(၅၀)ကီလိုတစ်အိတ်လျှင် အမြင့်ဆုံး ဈေး (၁၃၅)ယွမ်၊ မြန်မာငွေ(၂၇၆၀၇)ကျပ်၊ အနိမ့်ဆုံးဈေး (၁၂၉)ယွမ်၊ မြန်မာငွေကျပ် (၂၆၃၈၀)ကျပ် ဈေးရရှိပြီး၊ တင်ပို့မှု တန်ချိန်မှာ ယခင်တစ်ပတ်ကထက် ပိုမိုခဲ့ကြောင်း သိရှိရပါသည်။ ဆန်ကွဲ (၅၀)ကီလိုတစ်အိတ်လျှင် အမြင့်ဆုံးဈေး (၁၃၀)ယွမ်၊ မြန်မာငွေ(၂၆၀၅၂)ကျပ်၊ အနိမ့်ဆုံးဈေး (၁၁၀)ယွမ်၊ မြန်မာငွေကျပ် (၂၂၄၄၄)ကျပ် ဈေးရရှိပြီး၊ တင်ပို့မှု တန်ချိန်မှာ ယခင်တစ်ပတ်ကထက် လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

           ထိုင်းနိုင်ငံတွင် ဘတ်ငွေဈေးမြင့်တက်နေမှုကြောင့် မြင့်တက်လာသောဆန်စျေးက ဝယ်လိုအားကို လျော့ကျ စေသွားခဲ့ပြီးနောက် ထိုင်းဆန်စျေးမှာ လများစွာအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ရာမှ ပြန်လည်ကျဆင်းလာခဲ့ပါသည်။ ဈေးမြင့်နေသည့်အတွက် ပြည်ပအဝယ်မရှိဖြစ်နေပြီး အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင် ဆန်တင်ပို့မှု လျော့ကျနေ၍ ဈေးကွက် ဆုံးရှုံးမှုဖြစ်လာမှာကို စိုးရိမ်နေပါသည်။

          ဗီယက်နမ်တွင် စပါးသစ်ပေါ်လာမည်ကို စောင့်ဆိုင်းရင်း လက်ရှိဆန်ရောင်းအားနည်းနေချိန်တွင် ဖိလစ်ပိုင် ကလည်း ဆက်တိုက်ဝယ် ယူနေခြင်းတို့ကြောင့် ဗီယက်နမ်ဆန်စျေးသည် (၉) နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ မြင့်တက် သွားခဲ့ပါသည်။

        အိန္ဒိယတွင် ရူပီးငွေဈေးတက်လာခြင်းကြောင့် ဆန်ဈေးမြင့်ခဲ့သော်လည်း  အခြားဆန်တင်ပို့နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆန်စျေးနှုန်းသက်သာနေဆဲဖြစ်၍  အာရှနှင့် အာဖရိကဘက်က ဆန်ဝယ်လိုအား ဆက်လက် ကောင်းမွန်နေပြီး၊ ဗီယက်နမ်နိုင်ငံသည်လည်း ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယဆန်ကို စတင်ဝယ်ယူလာခဲ့ပါသည်။

      ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အရန်ဆန်ဖြည့်တင်းရန်နှင့် စံချိန်တင်မြင့်တက်နေသော ဆန်စျေးကို ထိန်းချုပ်ရန် ဆန်တင်သွင်းခွန်ကို လက်ရှိ (၆၂.၅) % မှ (၂၅) %  သို့ လျှော့ချပေးပြီး ပုဂ္ဂလိကလုပ် ငန်းများကို ဆန်တင်သွင်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရသည် အိန္ဒိယအစိုးရလုပ်ငန်း NAFED အဖွဲ့ထံမှ ဆန်တန်ချိန် (၁)သိန်းတင်သွင်းရန်လည်း အပြီးသတ်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ရိုက်တာသတင်း ဌာနကိုပြော ပါသည်။

       ပြည်တွင်းဆန်၊ စပါးစျေးကွက်တွင် ယခုနှစ် မိုးစပါးရာသီ၌ စတင်စိုက်ပျိုးချိန်တွင် မိုးရေလုံလောက်စွာ မရရှိခဲ့ခြင်း၊ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးမှုများသဖြင့် အထွက်နှုန်း လျော့နည်းခဲ့သည့် အပြင် ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းခဲ့သဖြင့် စပါး၊ ဆန်ဈေးများမှာ ယခင်နှစ်ထက် များစွာ မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ပြည်ပဆန်အဓိကထားတင်ပို့နေသည့် တရုတ်ဆန်ဈေးကွက်သည် ၂၀၂၀ ခုနှစ် အတွက် ဆန်ပါမစ်သက်တမ်းကုန်နေပြီဖြစ်၍  ၂၀၂၁ ခုနှစ်အတွက် ပါမစ်သစ်ချပေးရန် နှစ်ပတ်ကျော်ဝန်းကျင် စောင့်ဆိုင်းရအုံးမည်ဖြစ်ရာ လက်ရှိအချိန်တွင် ဆန်အရောင်းအဝယ်အေးနေသော်လည်း ဆန်ကွဲတင်ပို့နေရသည့် အတွက် စပါး၊ ဆန်ဈေးမှာ အမြင့်ဈေးတွင် ငြိမ်နေပါသည်။  ပါမစ်သစ်များချပေးချိန်တွင် တရုတ်သို့ ဆန်တင်ပို့မှု ပြန်လည်မြင့်တက်လာနိုင်ချေရှိခြင်း၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန် တန်ချိန် (၁) သိန်းကို G to G စနစ်ဖြင့် ဝယ်ယူရန် ညှိနှိုင်းနေခြင်း၊ မလေးရှားနိုင်ငံကလည်း ဆန်တန်ချိန် (၁၅၀၀၀)ခန့် ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေခြင်း၊ ဖိလစ်ပိုင်ကလည်း ဆန်ဝယ်ယူရန်မေးမြန်း စုံစမ်းမှုများ ရှိနေခြင်း၊ ၂၀၂၁ ခုနှစ်၊ နွေစပါးစိုက်ပျိုးချိန် ဆည်ရေ လုံလောက်မှု မရှိခြင်းကြောင့် နွေစပါးစိုက်ဧက လျော့နည်း နိုင်သလို အထွက်နှုန်းလည်း လျော့နည်းနိုင်ခြင်းစသည့် သတင်းအချက်အလက်များကြောင့် စပါး၊ ဆန်ဈေး ပိုမိုမြင့် တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တွေ့ရှိရပါသည်။