Languages

Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသများ၏ မေလစတုတ္ထပတ်ကုန်သွယ်မှုအခြေအနေ

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသများ၏ မေလစတုတ္ထပတ် ကုန်သွယ်မှုအခြေအနေ များကို သက်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပေးပို့နေ သော စာရင်းများအရ ကျိုင်းတုံ- မိုင်းခတ်- မိုင်းယန်း- မိုင်းလား နယ်စပ်လမ်းကြောင်းတွင် ယခုတစ်ပတ် ပို့ကုန်မရှိဘဲ၊ သွင်းကုန်အနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များသာ တင်သွင်းလျက် ရှိပြီး၊ အခြေခံစားသောက်ကုန် စျေးနှုန်းများ တည်ငြိမ်လျက်ရှိကာ၊ စပါးအဟောင်း(၄၀) ကီလို တစ်အိတ်လျှင်(၁၃၀၀၀)ကျပ်၊ စပါးအသစ်(၄၀)ကီလို တစ်အိတ်လျှင်(၁၂၅၀၀) ကျပ်စျေး အသီးသီးရှိပါသည်။ ဒေသဆန်မှော်ဘီ-၃ (၅၀) ကီလိုတစ်အိတ်လျှင် (၃၁၀၀၀) ကျပ်ဖြင့် စျေးငြိမ်လျက်ရှိနေပါတယ်။

 တာချီလိတ်မြို့ မယ်ယန်းကုန်သွယ်ရေးစခန်းမှ တစ်ပတ်အတွင်းအများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ပြောင်း၊ မင်းကနီး(စ်)ဒိုင်အောက်ဆိုဒ်၊ ဗူးခွံ၊ ပုလင်းခွံ၊ ဓါတ်ဆီတို့ဖြစ်ကြပြီး၊ သွင်းကုန်မှာ ဘိလပ်မြေ၊ ဒီဇယ်၊ ဓါတ်ဆီ၊ နေကြာစေ့၊ သံချောင်း၊ ဆပ်ပြာမှုန့်များဖြစ်ကာ ယခင်တစ်ပတ်ထက် ကုန်သွယ်မှုဒေါ်လာ(၂.၀၃၆)သန်း တိုးလာကြောင်းသိရပါတယ်။

မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေးလမ်းကြောင်းမှ ယခုတစ်ပတ်အတွင်း သွင်းကုန်မရှိဘဲ၊ အဓိက တင်ပို့သော ပို့ကုန်မှာ ငှက်ပျောဖြစ်တယ်လို့ သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်