Main menu

မကွေးတိုင်းဒေသကြီး၊ ဆူးရစ်ကန်ကျေးရွာတွင် ပဲစင်းငုံသီးနှံစိုက်ပျိုးပြီးစီး‌‌မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ ဆူးရစ်ကန်ကျေးရွာသည် ပဲမျိုးစုံစိုက်ပျိုးသော ဒေသဖြစ်ပြီး ပဲစင်းငုံသီးနှံကို အဓိက စိုက်ပျိုးကြောင်း သိရသည်။ ပဲစင်းငုံသီးနှံသည် အခြားသီးနှံအချို့နှင့် နှိုင်းယှဉ်ပါက မိုးရေချိန်နည်းပါးသည့်အခြေအနေကို အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည်ရှိပြီး ဈေးကွက်၀ယ်လိုအားကောင်းသော သီးနှံတစ်မျိုး ဖြစ်ကြောင်း၊ မိုးသီးနှံအဖြစ် စိုက်ပျိုးလေ့ရှိကြောင်း၊ ဇွန်လတွင်စတင် စိုက်ပျိုးပြီးဇန်နဝါရီလတွင်ရိတ်သိမ်းကြောင်း၊ သက်တမ်းမှာ မျိုး၊ စိုက်ပျိုးချိန်၊ နေ့တာအလင်းရောင်နှင့် ရာသီဥတုတို့ပေါ်မူတည်၍ ကွာခြားနိုင်ကြောင်း၊ ယေဘုယျအားဖြင့် စိုက်ပျိုးပြီး ရက် ၁၆‌၀ မှ ၂၀၀ အတွင်း ရင့်မှည့်ကြောင်း သိရသည်။ 

          စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ ၄ပြည်မှ ၆ပြည်ခန့် အသုံးပြုရကြောင်း၊ မျိုးစေ့ရွေးချယ်ရာတွင် အပင်ပေါက်နှုန်းကောင်းပြီး မျိုးသန့်များကို ရွေးချယ်၀ယ်ယူရမည်ဖြစ်ကြောင်း၊ မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ အလုပ်သမားခ၊ သွင်းအားစုခ၊ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ် ကျပ်   ( ၄ )သိန်းကုန်ကျကြောင်း၊ ပိုးသတ်ဆေးနှင့် သွင်းအာစု သုံးစွဲမှုနည်းခြင်းတို့ကြောင့် ကုန်ကျစရိတ် သက်သာပြီး တွက်ခြေကိုက်သော ကိုက်သော သီးနှံဖြစ်ကြောင်း၊  ပဲစင်းငုံသီးများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၂၀၀၀၀) ဖြင့် အရောင်းအ‌၀ယ်ဖြစ်‌နေကြောင်း ပဲစင်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့သို့ တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)