
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော အင်းတော၊ ရှားတော၊ ထန်းတပင်၊ သရက်တော၊ စမ်းရေခုံကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများထဲမှ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံကို ဝင်ငွေပိုမိုရရှိလာစေရန် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြောင်း သိရသည်။
ရှားတောကျေးရွာရှိ တောင်သူတစ်ဦးမှ ငရုတ်သီးနှံကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး (၃)လအကြာတွင် ခူးဆွတ်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် (၁)ဧကလျှင် ကျပ်သိန်း(၂၀)ဝန်းကျင်ခန့် ကုန်ကျကြောင်း သိရ ပါသည်။ အထွက်နှုန်းမှာ(၁)ဧကလျှင် ပိဿာ(၆၀၀) ဝန်းကျင်အထိ ထွက်ရှိကြောင်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀) နှုန်းဖြင့် ရောင်းရကြောင်း၊ ဈေးကွက်အနေဖြင့် ပေါက်မြို့ပေါ်ရှိ မြို့မဈေးသို့ လာရောက်ရောင်းချကြောင်း၊ ယခုနှစ်တွင်မူ ငရုတ်စိုက်တောင်သူများ၏ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၄-၁၅)သိန်းဝန်းကျင်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
