Main menu

ကန့်ဘလူမြို့နယ်၌ ရာသီစာ ခဝဲသီးစိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် တွဲဖက်သီးနှံအဖြစ်လည်းကောင်း၊ တစ်ပိုင်တစ်နိုင် အိမ်ခြံဝန်းအတွင်း၌လည်းကောင်း စိုက်ပျိုးထားကြသည့် ရာသီစာ ခဝဲသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ဆွတ်ခူးရောင်းချနေရပြီဖြစ်၍ စိုက်ပျိုးသူတောင်သူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

        ခဝဲသီးနှံကို အများအားဖြင့် မိရိုးဖလာနည်းလမ်းများအတိုင်း စိုက်ပျိုးကြသော်လည်း ယခုအခါ ဈေးကွက်ဝင် စောစောစီးစီးဆွတ်ခူးနိုင်ရန်အတွက် ကဆုန်၊ နယုန် (မေလနှင့် ဇွန်လ) ဆန်းပိုင်းများတွင် စတင်ပျိုးထောင် စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အစိုဓာတ်ထိန်းသိမ်းနိုင်ရန် နုံးမြေ၊ နွားချေး၊ မြေဆွေးတို့ဖြင့် စနစ်တကျ မြေပြုပြင်ကာ စင်တင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

         တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးမှုအပေါ် မူတည်၍ ကုန်ကျစရိတ် ကွာခြားမှုရှိသော်လည်း ခဝဲသီးနှံသည် အရင်းအနှီးနည်းပါးသော သီးနှံဖြစ်ပွားသည်။ မျိုးစေ့ဖိုး၊ စင်ဆောက်ရန် ဝါးနှင့် နိုင်လွန်ကြိုးဖိုး၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးဖိုး စသည်တို့ဖြစ်သည်။ စိုက်ခင်းတစ်ခု အတွက် ပျမ်းမျှအားဖြင့် ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်းဝန်းကျင်သာ ကုန်ကျလေ့ရှိသဖြင့် အခြေခံတောင်သူများ အလွယ်တကူ စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်သည်။ ခဝဲပင်များသည် စတင်စိုက် ပျိုးပြီးနောက် ရက်ပေါင်း ၄၅ ရက်မှ ၅၀ အကြာတွင် စတင်အပွင့်ပွင့်ပြီး အသီးများ စတင်ဆွတ်ခူးရောင်းချနိုင်သည်။ ခဝဲပင်၏ သဘာဝအရ တစ်ကြိမ် ဆွတ်ခူးပြီးပါက ရက် သို့မဟုတ် ရက်ခြားတစ်ခါ အဆက်မပြတ် ဆွတ်ခူးနိုင်ပြီး ရာသီကုန်သည်အထိ () ကျော်ကြာ ရေရှည်ဆွတ်ခူး ရောင်းချနိုင်သော သီးနှံဖြစ်သည်။

        လက်ရှိအချိန်တွင် ကန့်ဘလူမြို့မဈေးနှင့် အနီးနားရှိ ဒေသဈေးကွက်များ၌ ခဝဲသီးကို အသီးအရွယ်အစားနှင့် အနုအရင့်အပေါ်မူတည်၍ တစ်တောင့်လျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ (သို့မဟုတ်) တောင့်ပါတစ်စီးလျှင် ,၅၀၀ ကျပ်မှ ,၀၀၀ ကျပ်အထိ ရောင်းချနေရသည်။ "ခဝဲသီးက အရင်းအနှီးသိပ်မလိုသလို ပြုစုရတာလည်း သိပ်မခက်ဘူး။ ခုလို မိုးဦးကျကာလမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရကာ နေ့စဉ် ဒါမှမဟုတ် ရက်ခြား ဝင်ငွေရရှိနေကြာင်း၊ အိမ်စရိတ်အတွက်တင်မကဘဲ မိသားစုအပိုဝင်ငွေပါရရှိ၍ အဆင်ပြေနေကြောင်း ကန့်ဘလူမြို့နယ်မှ ခဝဲစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားသည်။

         ကန့်ဘလူမြို့နယ်ထွက် ခဝဲသီးများသည် လတ်ဆတ်ပြီး ဓာတုဆေးဝါးသုံးစွဲမှု နည်းပါးခြင်းကြောင့် ဒေသခံစားသုံးသူများအကြား ဈေးကွက်ခိုင်မာမှုရှိပြီး နေ့စဉ်ပုံမှန် ဝင်ငွေရရှိစေသောကြောင့် ကျေးလက်နေမိသားစုများအတွက် စီးပွားရေးအရ တွက်ခြေကိုက်သည့် ရာသီစာသီးနှံတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)