Main menu

မော်လမြိုင်ကုန်စည်ဒိုင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

   မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ချိတ်ဆက်မှု ဆောင်ရွက်နိုင်ရေးအတွက် မော်လမြိုင်ကုန်စည်ဒိုင်ကို ၂၁.၁.၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်လှစ်ပြီးခဲ့သည့်ကုန်စည်ဒိုင်၏ လုပ်ငန်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန်၊ ကုန်စည်ဒိုင်သီးနှံပေါက်ဈေးနှုန်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန်၊ ဒေသထွက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်၊ ကုန်စည်စီးဆင်းမှု သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၅.၂.၂၀၂၀ ရက်နေ့က မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

         အဆိုပါ အစည်းအဝေးတွင် သီးနှံများ၊ ဒေသထွက်ကုန်များ၏ ဈေးနှုန်းများ၊ ဈေးကွက်သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာကုန်သည်အသင်းအဖွဲ့အသီးသီးမှ ဈေးနှုန်းများကို တာ၀န်ရှိသူများက လက်မှတ်ရေးထိုး၍ ကုန်စည်ဒိုင်သို့ ပေးပို့ရမည်ဖြစ်ပြီး ကုန်စည်ဒိုင်မှ သတင်းအချက်အလက်များကို စုစည်း၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန