Main menu

ဆိပ်ဖြူကြက်သွန်နီ ၂၀၂၆ ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်) ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု အခြေအနေ

Powered by Drupal

 

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထား လုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံမှ ကြက်သွန်နီသီးနှံကို ရေ၊ မြေရာသီဥတု နှင့် ကိုက်၍ သီးနှံဖြစ်ထွန်းမှုရှိ၍ အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးကြသည်။ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီသီးနှံကို မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

          ၂၀၂၆ ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးအနေဖြင့် အနည်းငယ်တက်နေပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ကြက်သွန်နီ စိုက်ပျိုးမှုများသော ဒေသတွင်း ကျေးရွာများမှ ဝင်ရောက် ကြောင်း၊ ပွဲရုံဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းသော်လည်း မြို့ပေါ်ရှိ ပွဲရုံများမှ သိုလှောင်ထားရှိသော ကြက်သွန်နီများ အရောင်း အဝယ်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု များကြောင်း ဈေးကွက်မှ သိရှိရသည်။ ကုန်စည်ဒိုင်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှု နည်းပြီး တစ်ရက် ပျမ်းမျှပိဿာကုန်ချိန် (၃)သောင်းခန့် ဝင်ရောက် ကြောင်းသိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ဧပြီလ(စတုတ္ထပတ်)တွင် ကြက်သွန်နီအရည်အသွေးလိုက်၍ တောဈေး (ဂျွန်)တစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၆၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဧပြီလ(ပထမပတ်)တွင် ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၄၅၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့၍ ယခင်ယခုဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကြက်သွန်နီ တောဈေး(ဂျွန်) တစ် ပိဿာလျှင် ကျပ်(၁၅၀)ခန့် ဈေးအနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ (ဂျွန်)ကြက်သွန်နီ များကို ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ကြက်သွန်နီဥ အရွယ်အစား၊ အရည်အသွေးလိုက်၍ တစ် ပိဿာလျှင် ကျပ်(၁၈၀၀-၁၀၀၀)ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး အတွင်းဆိုင်များနှင့် ရပ်ကွက်ဈေးဆိုင်များတွင်လည်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

          ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ နေ့စဉ် (၁၂)ဘီးကားများဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် မြဝတီ၊ မော်လမြိုင် မြို့များမှ တဆင့် ထိုင်း၊ ဗီယမ်နမ် နိုင်ငံများသို့ တင်ပို့ကြောင်း၊ ဧပြီလ(စတုတ္ထပတ်)တွင် ကြက် သွန်နီကုန်ချိန်ပိဿာ (၄)သိန်းခန့်၊ တန်ချိန်အားဖြင့် (၄၅၀)တန်ချိန် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေး ကွက်မှ သိရှိရပါသည်။

DOCA(မကွေး)