Main menu

ရှမ်းပြည်နယ်တွင် စတော်ဘယ်ရီစိုက်တောင်သူများဈေးကောင်းရ၍ အဆင်ပြေ

Powered by Drupal

           ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်များရှိ ကျေးရွာများတွင် စတော်ဘယ်ရီခြံများမှ စတော်ဘယ်ရီသီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းရနေတယ် လို့သိရပါတယ်။

          စိုက်ပျိုးထွက်ရှိတဲ့ စတော်ဘယ်ရီသီးများကို တောင်ကြီး၊ ဟိုပုံး၊ အေးသာယာ၊ ရွှေညောင်မြို့များမှတစ်ဆင့် ပြည်တွင်းမြို့များ အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ ဒေသသီး၊ ထိုင်ဝမ်သီး၊ ယိုးဒယားသီး တစ်ခြင်းကို ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ ကျပ် အထိရောင်းချ၍ ဝင်ငွေကောင်းကာ အဆင်ပြေနေတယ်လို့ စ‌တော်ဘယ်ရီစိုက် တောင်သူများထံက တစ်ဆင့်သိရပါတယ်။

တောင်ကြီးခရိုင်
စားသုံးသူရေးရာဦးစီးဌာန