Languages

Main menu

ရှမ်းနနွင်းစျေးကွက် အခြေအနေ

Powered by Drupal

          ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်၊ ဝယ်လက်တွေကတော့ ချင်း (စို) နှင့်အတူ နနွင်းကိုလည်း အနည်းအကျဉ်းဝယ်နေလို့ စျေးကွက်မှာတော့ ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်ပကို ပင်လယ်ရေကြောင်းကနေတဆင့်သွားနေသလို နယ်စပ်စခန်းတွေကလည်း သွားနေတယ်လို့ သိရပါတယ်။ဒီနှစ် နနွင်းအရောင်းအဝယ်က အရင်နှစ်တွေလောက် မသွက်ဘူးလို့လည်းသိရပါတယ်။ နနွင်းလက်ကျန်တွေ အတော်ရှိနေပြီး နောက်ရာသီချိန်အထိ ရှိနေနိုင်သေးတယ်လို့ ခန်းမှန်းကြပါတယ်။ ဒီအပတ် အောင်ပန်းစျေးကွက်မှာတော့ နနွင်းတစ်ပိဿစျေးမှာ အနိမ့်ဆုံး ၈၀၀ိ/- မှ အမြင့်ဆုံး ၂၀၀၀ိ/-စျေးရှိပြီး ဟိုပုံးစျေးကွက်မှာတော့ အနိမ့်ဆုံး ၁၀၀၀ိ/- မှ အမြင့်ဆုံး ၁၈၀၀ိ/- စျေးရှိပါတယ်။

ဧဧခိုင်(တောင်ကြီး)