သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဆန်လှော်မရွှေး ဈေးနှုန်း

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသည့်  မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကို ဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်း လျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော ဆန်လှော်မရွေးဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ကြွပ်ကြွပ် ရွရွဖြင့် စားကောင်းပြီး ရေသောက်လျှင် ဗိုက်ပြည့်သော အစားအသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူ စားသုံးကြမှုမှာ များပြားပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး (၅၀)ကျပ် သားလျှင် (၆၀၀၀)ကျပ်၊ မန်းမ‌ရွေး(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် မန်းမ‌ရွေး(၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း‌ရောင်းချနေ‌သော မန်းမရွေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)