ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စိန်တစ်လုံးသရက်သီး ဈေးနှုန်း
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီစာသီးနှံဖြစ်သည့် စိန်တစ်လုံးသရက်သီး မှည့်များကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ လင်းရောင်ဝင်း သရက်ခြံတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရ သည်။
ရှေးအဆိုရှိသည့်အတိုင်း အသားမှာဝက်၊ အရွက်မှာလဖက်၊ အသီးမှာသရက်ဆိုသည့်အတိုင်း စိန်တစ်လုံးသရက်သီးမှည့်သည် အခြားသရက်သီးမှည့်များနှင့် မတူသော အသားနုညံ့သော အမျှင် ကင်းသော၊ အနံ့အရသာမှာ ချိုမွှေးသော၊ အသီးလုံးအပြင်ဘက်တွင် အဝါရောင်ဝင်းဝါတောက် ပသော ၊ အထားခံသော အခြားသရက်သီးနှင့်မတူညီသော ဂုဏ်သတ္တိများရှိသည့်သရက်သီးဖြစ်ပြီး စိန်တစ်လုံးသရက်သည် နေရာတိုင်းတွင်စိုက်မရဘဲ သဘာဝအပူပိုင်းဒေသတွင်သာ စိုက်ပျိုးကြ ကြောင်း သိရပါ သည်။
၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့်ဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ သရက်သီး အသေး တစ်လုံးလျှင်(၃၅၀)ကျပ်၊ (၁၀၀၀)ဖိုး (၃)လုံးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိန်တစ်လုံး သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)

















