ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီး ဈေးနှုန်း
ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ တောကြက်ဟင်းခါးသီးကို ကျွန်းလှ မြို့ပေါ်ရပ်ကွက်များ နှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသည့်အနက် ခြံစည်းရိုးပေါ် တင်၍လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု မေလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည် လျှင်(၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင် (၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)

















