ကန့်ဘလူခရိုင်၌ ရောင်းချနေသော စပျစ်သီးဈေးနှုန်းအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများရောင်း ချလျက်ရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရသည်။

          စပျစ်သီးအမျိုးအစားများမှာ အလုံးသီးနှင့် အချွန်းသီး နှစ်မျိုးရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် စပျစ်သီးအလုံး(၁)ပိဿာလျှင် ၂၀၀၀၀ကျပ်၊ (၂၅)ကျပ်သားလျှင် ၅၀၀၀ကျပ်၊ စပျစ်သီးအချွန်း(၁)ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အပြင် ရွှေရင်အေးဆိုင်များမှ ဝယ်ယူကြသည့်အတွက် စပျစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)