ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီစာသီးနှံဖြစ်သည့် စိန်တစ်လုံးသရက်သီး မှည့်များကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ လင်းရောင်ဝင်း သရက်ခြံတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရ သည်။
Domestic and Foreign Trade News
ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိ မြေကွက်လပ် တစ်နိင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး) ငှက်ပျော စသည် တို့ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
ကျွန်းလှမြို့တွင် ရာသီစာ ကုန်စိမ်းသီးနှံအစုံရောင်းချများ၊ ပေါ်ပင်သီးနှံများကို နေရာဒေသ မရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေးအတွင်း၌ ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး)တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊(၅၀)ကျပ်သား လျှင်(၁၃၀၀) ကျပ်နှင့်၂၅ကျပ်သားလျှင်(၈၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀) ကျပ် နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥစသည့်တို့ ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။
ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်အဖြူ/အနီ၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ ကြက်ဟင်းခါးသီး၊ မုံညှင်း၊ ကိုက်လန်၊ ကန်ဇွန်း၊ ချဉ်ပေါင်ရွက်၊ နှင့် ပဲသီးတောင့်ရှည် စသည်တို့ကို စိုက်ပျိုးသည့်အနက် ခါကြက်ဥကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရပါသည်။
ခါကြက်ဥ(ဗမာ)ဥကို ဒေသတွင်းမှ ထွက်ရှိသည်များကို ဝယ်ယူ ရောင်းချလျက်ရှိပြီး ရှားပါးသည့် အချိန်တွင် တရုတ် ခါကြက်ဥ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။
ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ တောကြက်ဟင်းခါးသီးကို ကျွန်းလှ မြို့ပေါ်ရပ်ကွက်များ နှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသည့်အနက် ခြံစည်းရိုးပေါ် တင်၍လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်များ ရောင်းချလျက်ရှိရာ ကြက်တက် ရွက်မှာ မိုးဦးကျစ ဧပြီလကုန်ပိုင်းတွင် စတင်ပေါက်ရောက် လေ့ရှိသော အရွက်တစ်မျိုး လည်းဖြစ်ပြီး မြန်မာလက်ဖက်ဟုလည်းခေါ်ဆိုကြကြောင်းသိရှိရပါသည်။
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု မေလ တတိပတ်တွင် သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ် နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။
သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။ မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင် အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင်လာရောက် ရောင်းချကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ဖလံတောင်ဝှေးပင်များကို အခြားစားပင်သီး ပင်များကဲ့သို့ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။ ဖလံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော ဩဂဲနစ်စစ် စစ်ဖြစ်ပါသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောဒေသများမှ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် အလေ့ကျပေါက်ရောက်သော ဖလံတောင်ဝှေး ပင်၏ အဖျားပိုင်းများကိုချိုးယူ၍ အစည်းလေးများပြုလုပ်ကာ ဖလံတောင်ဝှေးများကို ကန့်ဘလူ မြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့်ဈေး သည်များတွင်လည်းကောင်း ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း၊ ကားဘိုးကျေးရွာမှလည်းကောင်း ဝင်ရောက် လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
ဇီးဖြူသီးသည် မြန်မာနိုင်ငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအခြောက်ပြုလုပ်၍ ကန့်ဘ လူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာ ကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံ စည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံသီးမှာအချို မျိုးနှင့်အခါးမျိုးနှစ်မျိုးရှိပြီး ၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်း၊ ကင်းပုံ သီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။
သခွတ်ပင်သည် အပူပိုင်းဒေသဖြစ်သည့် နေရာများတွင် ပေါက်ရောက်လျှက်ရှိရာ သခွတ်ပွင့် သည် အစာအဟာရအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်သော်လည်းကောင်း ဆေး ဘက်ဝင်သည့် အပင်ဖြစ်သလို လက်ဆောင်အဖြစ်ပေး၍သော်လည်းကောင်း အသုံးဝင်သော အပင် ဖြစ်ပါသည်။ သခွတ်ပွင့်သည် တန်ခူးလမှ စတင်၍ ပေါ်သည်ဖြစ်ရာ ဝါဆိုလအထိ ပွင့်သော အပင် ဖြစ်ပါသည်။ သခွတ်ပွင့်၏ သဘောသဘာဝသည် မိုးသံကြားပါက သခွတ်ပွင့်ခြောက်သည် မဲတက်၍ သခွတ်ပွင့်ကို နေပူပူတွင် ခြောက်သွေ့အောင်လှမ်း(၂)ရက်လှမ်းရပါသည်။ သို့မှသာ ရောင်းတန်းဝင် ကြောင်း၊ မေလ (ပထမ)ပတ် ဖြစ်ပေါ်နေသော သခွတ်ပွင့် ဈေးနှုန်းမှာ တစ်ပိဿာ လျှင် (၂၅၀၀ဝိ/) ကျပ်
ရှမ်းပြည်နယ်အတွင်း မြို့နယ်အများစုတွင် ပေါက်ရောက်သော အရပ်အခေါ် ကျွဲခလောက်သီး (ခ) ဆပ်ပြာသီး မှာ စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့ လာသိရှိရပါသည်။ဆပ်ပြာသီး၏ အပေါ်ယံအခွံများအား ကြိတ်ခွဲပြီးသင့်တင့်သော အပူပေးသည့်အခါ ဓာတုဖြင့် ထုတ်လုပ်သောဆပ်ပြာများကဲ့သို့ အမြှုပ်ထခြင်း၊ ချေးချွတ်ပေးနိုင်ခြင်း စွမ်းရည်ထွက်ရှိလာ သည်ကို တွေ့ရှိပြီးနောက် ဆပ်ပြာတောင့်၊ ဆပ်ပြာရည်၊ ချေးချွတ်ဆေး၊ အရောင်တင်ဆေးများ ထုတ် လုပ်ရာတွင် အသုံးပြုနိုင်ခဲ့ပါသည်။

















