ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်း

  ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်များ ရောင်းချလျက်ရှိရာ ကြက်တက် ရွက်မှာ မိုးဦးကျစ ဧပြီလကုန်ပိုင်းတွင် စတင်ပေါက်ရောက် လေ့ရှိသော အရွက်တစ်မျိုး လည်းဖြစ်ပြီး  မြန်မာလက်ဖက်ဟုလည်းခေါ်ဆိုကြကြောင်းသိရှိရပါသည်။

   ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါ သည်။  မေလ ဒုတိယပတ်တွင် ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက် ရွက်ပြုတ်  ဈေးနှုန်းမှာ  တစ်ပိသာ လျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၁၀)ကျပ် သားလျှင်(၇၀၀)ကျပ်ပေါက်ဈေးရှိခဲ့ပြီး မေလ စတုထ္ထပတ်အတွင်း တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး မိုးရွာ သွန်းသည့်အတွက် ကြက်တက်ရွက်များ လှိုင်လှိုင်ထွက်ရှိ၍ တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ကျဆင်းလျက်ရှိကာ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA(စစ်ကိုင်း)