Main menu

HighLight News

Powered by Drupal

ဝိုင်းမော်မြို့အတွင်းရှိ လပြည့်ဝန်းလူမှုကူညီရေးအဖွဲ့များအား အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း (ရုံးအုပ်) သည် (၂၄-၄-၂၀၂၄) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ လပြည့်ဝန်းလူမှုကူညီရေးအဖွဲ့အသင်းသား/ အသင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သောအခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်မှန်ကန်ရေးအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပ‌‌‌ဒေနှင့်စပ်လျဥ်းသော ထုတ်ပြန်ထားသည့်အကြောင်းအရာများနှင့် အမှတ်တံဆိပ်လျှောက်ထားရာတွင် လိုအပ်သောအချက်အလက်များ၊ အီလက်ထရောနစ်အငွေ့ရှူစက်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ အွန်လိုင်းတွင်ဈေးဝယ်ရာတွင် သတိထားရမည့်အချက်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

မြစ်ကြီးနားမြို့၌ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် (၂၄-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ‌အန်သီသန်း(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် SUPER COFFEEMIX အမှတ်တံဆိပ်ပါ အသင့်သောက်ကော်ဖီတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၂၄-၄-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌  ဆန်၊ ပဲ၊ ပြောင်း၊ ပွဲရုံလုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ မိမိဌာန၏ ယခုလက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကုန်စည်/ ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆန်၊ ပဲ၊ ပြောင်း၊ ပွဲရုံ လုပ်ငန်းရှင်များ၏ သိလိုသည်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် (၂၄-၄-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဦးကျော်မြင့်(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် LOVITA အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီ၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား လုံခြုံစိတ်ချရသော ထုတ်ကုန်များရောင်ချဖြန့်ဖြူးရေး၊ စားသုံးသူအပေါ် ထိခိုက်နစ်နာမှုရှိစေသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကန့်ဘလူမြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

      စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့နယ်မျိုးသန့်ခြံ၌ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကိုပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၂၄-၄-၂၀၂၄)ရက်နေ့၌ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ဘူးသွင်းစားသုံးဆီများ ဝင်ရောက်မှုနည်းလာသောကြောင့် ခွက်ချင့်စားအုန်းဆီများနှင့် မြေပဲဆီများကိုသာရောင်းချနေရကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ၎င်းနောက် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောဆီများ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦး စီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် အမှတ်(၃)ရပ်ကွက်၊ ကန့်ဘလူမြို့ရှိ ယောနသန်သောက်ရေသန့်စက်ရုံသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

       ရေသည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍ၌ပါဝင်လျက်ရှိပြီး လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ သောက်ရေသန့်ဘူးများပေါ်တွင် ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။  သောက်ရေသန့်ရရှိရန်အတွက် ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အလေးထားဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆီမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင်  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၂၄-၄-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့က  ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ  ဆီမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားအုန်းဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး စားအုန်းဆီများသယ်ယူခြင်းနှင့် ရောင်းချခြင်းများတွင် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးဆီကို အမှတ်တံဆိပ်ဖြင့်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်စည်များကိုသာထုတ်လုပ်ရောင်းချကြရန်လိုအပ်ကြောင်း၊ စားသုံးဆီအမျိုးအမည်ကိုဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အသားတင်ပမာဏကိုဖော်ပြရာတွင် လည်း မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၃-၄-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ဟင်းလျာများ၌ အရောင်အနံ့အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး၊   စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၃-၄-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အခြားပြုပြင်ထုပ်ပိုး/ ထုတ်လုပ်ထားသော စားသောက်ကုန်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သည်များကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အကြောင်းများကို  အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - HighLight News