Main menu

စာပေစကားဝိုင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ

Powered by Drupal

   ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ပြည်သူနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ပြည်သူစကားဝိုင်းတွင် လွိုင်ကော်ခရိုင် စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဉီးစီးဌာန၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနတို့က ပါဝင်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ စကားဝိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒု-ဉီးစီးမှူး ဒေါ်စုစုထွေးက အစားအစာများအကြောင်းနှင့် အစာအုပ်စု(၃)အုပ်စု အကြောင်းတို့အားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဉီးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံပယ်ထွန်းက မီးဖိုချောင်းသုံး စားသောက်ကုန်ပစ္စည်းများ၏ ဆေးဖက်ဝင်ပြီး ကျန်းမာရေးကောင်းကျိုးများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာထွနးနေဝင်းက လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် Corona Virus အကြောင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းတို့အားလည်းကောင်း၊ လွိုင်ကော်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြို့ရီက ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူလိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများအနေဖြင့်လည်း ဘေးကင်းလုံခြုံမှုရှိစေရန် သေချာဖတ်ရှုရွေးချယ်ဝယ်ယူစားသုံးစေလိုကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော ပြည်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို သက််ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန