Main menu

မြိတ်မြို့၊ ကျွန်းစုမြို့နယ်၊ ပထက်ကမ်း အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြိတ်မြို့၊ ကျွန်းစု မြို့နယ်၊ ပထက်ကမ်း အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်း ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

     အသိပညာပေးဟောပြောရာတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဌာနစတင်ဖြစ်ပေါ်လာပုံ၊ ဌာန၏ ရည်ရွယ်ချက်၊ ဌာနမှဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ (ဟောပြော၊ ကွင်းဆင်း၊ တိုင်ကြားမှုများလက်ခံဖြေရှင်းပေးနေကြောင်း) တိုင်ကြားရာတွင် အစားအသောက် သာမက ကုန်စည် နှင့် ဝန်ဆောင်မှု ပါဝင်ကြောင်း၊ ရှင်းလင်းခြင်း၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က စားသုံးရန်မသင့်သော ဓါတုဆိုးဆေးများ အကြောင်း၊ ဓါတုတာရှည်ခံဆေးများ အကြောင်း နှင့် အစားအစာချက်ပြုတ်ရာတွင် လိုအပ်သော အချက်များအကြာင်းရှင်းလင်းခြင်း၊  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပိုးသတ်ဆေး ပါဝင်နေသောဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများအကြောင်း၊ ယင်မနားဆေးအကြောင်း၊အစားအစာ မစားသောက်မှီသိရှိရမည့် အချက် များနှင့် ရှောင်ရန် အချက်များအား ရှင်းလင်းခြင်း၊ ပလပ်စတစ်နှင့် ဖော့ဘူးများ အကြောင်း၊ အခြားနိုင်ငံများတွင်ပလပ်စတစ် အား အစားထိုးသုံးစွဲ နေပုံအကြောင်းကို ရှင်းလင်းခြင်းနှင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ တာဝန်ရှိသူမှ ဆေးဝါးများအကြောင်း အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။

      ထိုနောက်ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် အလို့ငှာ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် တွင် ရောင်းချနေသော မုန့်စျေးဆိုင်များအား ခွင့်မပြုတာရှည်ခံဆေး၊ ခွင့်မပြုဓါတုဆိုးဆေး၊ ကျန်မာရေးနှင့်မညီသော အစားသောက်များ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကျော်ဝင်းနိုင်(မြိတ်)