Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးဟောပြောပွဲများပြုလုပ်ဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၂.၁.၂၀၂၀ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ဟိုပုံးမြို့ပေါ်ရှိ အ-ထ-က(၁)တွင် လည်းကောင်း၊ နေ့လယ်(၁၃:၀၀) နာရီ အချိန်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာရှိ အထက်တန်းကျောင်းတွင်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲများပြုလုပ်ကျင်းပခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ လုပ်ငန်းတာဝန်များနှင့် လာရောက် ဟောပြောရသည့် ရည်ရွယ်ချက်များအကြောင်းကိုလည်းကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူတာဝန်များအကြောင်းကို လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အချက်အလက်များ အကြောင်းကို နမူနာပစ္စည်းများပြသ၍လည်းကောင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုများအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အ-ထ-က(၁) ဟိုပုံးကျောင်း၌ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူ စုစုပေါင်း(၂၅၅)ဦးတို့ကလည်းကောင်း၊ အ-ထ-က(နမ့်ခုတ်)၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၂၂၁)ဦးတို့ကလည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်း စာစောင်များ ကိုလည်း ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။