Main menu

မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံး လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်ဦးစီးမှူးရုံးသည် ၆.၅.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး ပုသိမ်မြို့၏ ဦးဆောင်ကျင်းပပြုလုပ်သော လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Meeting ဖြင့် ဆွေးနွေးဆောင်ရွက်ခြင်းကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းစဉ်(၆)ရပ်ဖြင့် ခရိုင်များသို့ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီမံရေးရာနှင့်ပတ်သက်၍ ရှင်းလင်းချက်(၃)ချက် ဝန်ထမ်းရေးရာကိစ္စ၊ ပြည်တွင်းကုန်သွယ်မှုကိစ္စ၊ အထူးကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။ မိုးလေဝသသတင်းများကို စောင့်ကြည့်ရန်၊ ပျက်ဆီးလွယ်နိုင်သော သိုလှောင်ရုံ၊ အဆောက်အဦများ ရှိပါက အချိန်နှင့် တပြေးညီသတင်းပို့ရန်၊ လုပ်ငန်းလမ်းညွှန်ချက်များကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ရန်၊၊ လက်အောက်ဝန်ထမ်းများ အခက်အခဲရှိပါက ကူညီဖြေရှင်း ဆောင်ရွက်ပြီး၊ ဖြေရှင်းဆောင်ရွက်ရန် အခက်အခဲရှိပါက အထက်အဆင့် ဆင့်သို့ တင်ပြပြီး ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထူးခြားဖြစ် စဉ်များရှိပါက အဆင့်ဆင့် တင်ပြအကြောင်းကြားရန်မှာကြား ဆွေးနွေးခဲ့သည်။

     ဆက်လက်၍ ပုသိမ်ခရိုင်မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု လျာထား/အမှန်ဆောင်ရွက်နိုင်မှု လုပ်ငန်းအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင် အသီးသီးမှ ခရိုင်ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများ စုပေါင်းစည်းရုံး ဆောင်ရွက်မှုဖြင့် လုပ်ငန်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)