Main menu

စားသုံးဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ သည် (၃.၅.၂၀၂၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် မအူပင်မြို့ စားသုံးဆီလက်ကာအရောင်းဆိုင်(၇)ဆိုင်အား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက မအူပင်မြို့နယ်အတွင်း စားသုံးဆီလက်ကားအရောင်းဆိုင်များဖြစ်သည့် ဦးမိုးသီး၊ ဦးကြာပေါ၊ မွန်းလိုက်၊ ဒေါ်ငွေကျော့၊ နှင်းသစ္စာ၊ အခွန်လွတ်ဈေးအတွင်းရှိ ဆီဆိုင်(၂)တို့မှ စားသုံးဆီရောင်းချနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ ဆီရောင်းချသူလုပ်ငန်းရှင်များအားစားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက် ခံရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ အကြောင်းကိုပါ အသိပညာပေး ပြောကြားခဲ့ပြီး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ website , facebook Page နှင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

DOCA(ဧရာဝတီ)