Main menu

အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်လျက်ရှိ

Powered by Drupal

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့မစျေး၌ နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁-၅-၂၀၂၄ ရက်နေ့က ကျင်းပခဲ့ပါသည်။

     အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များက နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ရှိ ပြခန်းများအား လှည့်လည်ကြည့်ရှု့အားပေးကြပါသည်။

    ပြည်ထောင်စုနယ်မြေအတွင်းရှိ MSME လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအားကောင်းလာစေရန်၊ ပြပွဲတွင်ပါဝင်ပြသသူများအချင်းချင်း ပူးပေါင်း‌ဆောင်ရွက်နိုင်စေရန်၊ ကုန်ထုတ်လုပ်မှုအရည်အသွေးတီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်စေရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှု အထိ လုပ်ငန်းစဉ်( Supply Chain)တစ်လျှောက် လိုအပ်ချက်များကို ပိုမိုနားလည် သိရှိစေရန်၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် MSME လုပ်ငန်းများကို နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ကုန်သွယ်မှုမြှင့်တင်ရေးမှ အပြည်ပြည်ဆိုင်ရာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန်နှင့် နည်း ပညာ၊ အရင်းအနှီး၊ ဈေးကွက်၊ ကျွမ်းကျင်လုပ်သားဆိုင်ရာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပကြောင်း သိရှိရပါသည်။

    နေပြည်တော်ကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရ၏ စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများ ကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် အချက်များ အောင်မြင်နိုင်ရန် MSME လုပ်ငန်းများကို အခွင့်အရေး လက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွဖြေရှင်းပေးနိုင်ရန်၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် တတိယဦးတည်ချက်ဖြစ်သည့် “ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟူသော ဦးတည်ချက်နှင့်အညီ နေပြည်တော်နယ်မြေအတွင်း မြို့နယ်အလိုက် MSME ဈေးရောင်း ပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၁၀)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး၊ ဈေးရောင်းပွဲတော်များ ကျင်းပ ပြုလုပ်ခြင်းဖြင့်  MSME လုပ်ငန်းများကို ပြည်သူများ သိရှိလာနိုင်ခြင်း၊ မိမိတို့ထုတ်ကုန်နှင့်ပတ်သက်၍ Brand Awereness များ ရရှိလာခြင်း၊ ပြပွဲလာပြည်သူများအတွက် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း များထူထောင်ရန်စိတ်ကူးသစ်များပေါ်ပေါက်လာနိုင်ခြင်း၊ပြည်သူအများစိတ်ဝင်စားစေမည့် ထုတ်ကုန် အမယ်သစ်များ ပေါ်ပေါက်လာစေခြင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

      အဆိုပါ အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ၁-၅-၂၀၂၄ ရက်နေ့မှ ၅-၅-၂၀၂၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း (၅၆)ခန်း  ခင်းကျင်းပြသလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)