Main menu

စစ်ကိုင်းမြို့နယ် ဆီစက်လုပ်ငန်းရှင်များအသင်းအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ ဆွေးနွေးဟောပြော

Powered by Drupal

       စစ်ကိုင်းမြို့နယ် ဆီစက်လုပ်ငန်းရှင်များအသင်းကို ၂၀၁၄ခုနှစ်၊ မတ်လ ၁၈ရက်နေ့တွင်  အလုပ်အမှုဆောင် ၁၅ဦးနှင့် အသင်းသား ၂၀ဦးခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ အချိန်ကာလအားဖြင့် ၁၀နှစ်ခန့်ကြာမြင့်ပြီဖြစ်သည်။ ဆီစက်လုပ်ငန်းရှင်အသင်းသားများစုပေါင်း၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်ရည်ရွယ်ချက်ဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များစုစုပေါင်း ၁၃ဦးအား ဧပြီလ၂၅ရက်နေ့၌ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။

       ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ဖြင့်ပြဋ္ဌာန်းခဲ့ရာ အခန်း ၂၅ခန်းနှင့် ပုဒ်မ ၈၄ခုပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)ပါ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ အခန်း ၁၁၊ ၁၂၊ ၁၃၊ ၁၄ပါ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းသိကောင်းစရာများ၊ အခန်း(၁၈)၊ ပုဒ်မ၄၁ပါ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ  သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊  ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပါကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စက်မှ ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချမည့်ဆီများအား မိမိတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများ ကိုဖော်ပြရမည်ဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး၊ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိပါကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း၊ Facebook Page၊ Website၊ www. doca. gov. mm တို့တွင် တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center No. (1535) သို့လည်းတိုင်ကြားနိုင်ကြောင်း၊ ၎င်းနောက် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများပါသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)