Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ FDA မှသတ်မှတ်ချက်နှင့် မကိုက်ညီသော အချိုရည်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊  မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDA တို့နှင့်  ပူးပေါင်း၍  စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ Ocean Super Center တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံက Ocean Super Center တွင် FDA မှ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော Great Nature အမှတ်တံဆိပ် မန်ကျည်းဖျော်ရည်နှင့် ငွေလာဘ်မင်းအမှတ်တံဆိပ်  Honey Lime Juice ပျားသံပရာရည်၊  မန်ကျည်းဖျော်ရည်တို့အား ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)