Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိနှင့် စားအုန်းဆီ ဈေးနှုန်းများ မြင့်တင်ရောင်းချမှုရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊  မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊  နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့မဈေး တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံက မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိနှင့် ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် စားအုန်းဆီများ ဈေးနှုန်းမြင့်တင်ရောင်းချ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)