Main menu

မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းများနှင့် ဆွေးနွေးပွဲကျင်းပ

Powered by Drupal

       ၂၀၂၄ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်မည့် E Lock စနစ်ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့် အဝေးပြေးကုန်စည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ခရိုင်အဆင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်းရေး အကြိုဆွေးနွေးပွဲကို မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

      ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တဖက်မှာလည်း ပြည်တွင်း ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများအနေနှင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာမှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆောင်ရန်အချက်များကိုသိရှိစေရေးအတွက် ယခုကဲ့သို့   ဖိတ်ခေါ်ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း မိတ်ဆက်ခဲ့ပါသည်။ ၎င်းနောက် စားသုံးသူကာကွယ်ရေးဥပဒေကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ကုန်စည်များကို သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန်နှင့် နိုင်ငံတော်ကဆောင်ရွက်နေသည့် E Lock စနစ်ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ဂိတ်ပိုင်ရှင်များနှင့် ယာဉ်ပိုင်ရှင်များပါဝင်သော ခရိုင်အဆင့် ကုန်စည်ပို့ဆောင်ရေးအသင်းဖွဲ့စည်းရေးလုပ်ငန်းများကို တိုက်တွန်းရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

        ဆွေးနွေးပွဲကို မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မိတ္ထီလာမြို့ပေါ်ရှိ ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်း လုပ်ငန်းရှင် ( ၁၄ ) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)