Main menu

သထုံမြို့၊ ရွှေစာရံဘုရားအနီးရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်  သထုံမြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၃-၄-၂၀၂၄) ရက်နေ့တွင် သထုံမြို့နယ်၊ ရွှေစာရံဘုရားအနီးဝန်းကျင်ရှိ အစားအသောက်ရောင်းချနေသည့်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ ရွှေစာရံဘုရားအနီးဝန်းကျင်၌ ရောင်းချနေသောစားသောက်ကုန်များမှာ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိကိုစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။ ထို့နောက် မွန်ပြည်နယ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရွေ့လျားဓာတ်ခွဲခန်းဖြင့် အစားအသောက်များအား နမူနာယူစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)