Main menu

“ တွံတေးမြို့နယ်တွင် စားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီ အမျိုးမျိုးတို့ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ မတ်လ(၁၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် စည်ပင် သာယာမြို့မဈေး အတွင်း/အပြင် ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့်ကုန်စုံဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများ၏ အဓိကစားသောက်ကုန်ပစ္စည်းဖြစ်သော စားသုံးဆီအမျိုးမျိုးတို့ကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်၊စံညွှန်းနှင့်ကိုက်ညီမှု မရှိသော စားသုံးဆီများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုစေရေးစသည့် စားသုံးသူကာကွယ်ရေး ဆိုင်ရာသိကောင်းစရာများကို အကြံပြု ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ မိမိတို့၏ဈေးဆိုင်တွင် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)