Main menu

ကြံခင်းမြို့နယ် စားသုံးသူရေးရာအသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၅.၃.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာန၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပါယ်၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာအချက်များ စသည့်အခြေအနေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)