Main menu

ဆည်ရေနိမ့်ကျခြင်းကြောင့် နွေစပါးစိုက်ပျိုးရန်ထိုင်းလယ်သမားများ အခက်အခဲတွေ့ကြုံရ

Powered by Drupal

      ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းခရိုင်ရှိ စပါးစိုက်တောင်သူများအနေဖြင့် ခြောက်သွေ့သော ရာသီကာလအတွင်း ရာသီပေါ်စပါးကို စိုက်ပျိုးပြီးနောက် ရေပြတ်လပ်မှုကို ရင်ဆိုင်ရလျက်ရှိ ကြောင်းသိရှိရပါသည်။ လက်ရှိကာလတွင် ထိုင်းနိုင်ငံအတွင်းရှိ အလယ်အလတ် အရွယ်အစားရှိ သည့် ဆည်တမံသုံးခုတွင် ရေနည်းပါးနေခြင်းက စပါးစိုက်ခင်းများကို ခြောက်သွေ့မှုဖြစ်ပေါ်စေ လျက်ရှိပါသည်။

       Nakhon Ratchasima ပြည်နယ်၊ Non Thai ခရိုင်ရှိ Nong Kok ရေလှောင်ကန်၏ ရေမျက်နှာပြင်သည် လျင်မြန်စွာ လျော့နည်းကျဆင်းလျက်ရှိပြီး၊ လက်ရှိကာလတွင် အဆိုပါရေ လှောင်ကန်တွင် ရေပမာဏ ၄၉၈,ဝဝဝ ကုဗမီတာ (ရေလှောင်ကန်၏သိုလှောင်နိုင်စွမ်းအား၏ ၁၆.၇၈ ရာခိုင်နှုန်း) ခန့်သာ သိုလှောင်ထားကြောင်း သိရှိရပါသည်။ ဖော်ပြပါအခြေအနေကြောင့် အဆိုပါရေလှောင်ကန်အနေဖြင့် နွေစပါးစိုက်တောင်သူများကို ရေပေးဝေနိုင်ခြင်းမရှိတော့ ကြောင်းနှင့် နောင်လာမည့်နှစ်၏ ခြောက်သွေ့ရာသီကာလအတွင်း မိုးခေါင်ရေရှားဖြစ်ပေါ်မှုနှင့်ရေပြတ်လပ်မှုတို့မှ အကာအကွယ်ပေးနိုင်ရန် လက်ရှိကာလတွင် ရေလှောင်ကန်မှရေများအား Non Thai နှင့် Pra Thong Kham ခရိုင်တို့တွင် နေထိုင်သူများအား ဦးစားပေး၍ သောက်သုံးရေအတွက် ရေပေးဝေလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုနှစ်အတွင်း Non Thai ခရိုင်တွင် မိုးခေါင်ရေရှားမှုမှာ ဆောလျင်စွာအပြင်းအထန် ဖြစ်ပေါ်ခဲ့ပြီး Nong Kok ရေလှောင်ကန်မှ ရေများမှာ လျင်မြန်စွာကုန်ခမ်းလျက်ရှိကြောင်းနှင့် ၄င်းရေလှောင်ကန်မှရေအများစုကို Non Thai ခရိုင် ၊ Sa Chon Khe ဒေသနှင့်  Pra Thong Kham ဆေးရုံတို့သို့ ပေးဝေလျက်ရှိသဖြင့် ဒေသခံရွာသားများမှာ စိုးရိမ်ပူပန်လျက်ရှိကြကြောင်း သိရှိရပါသည်။

    ထိုင်းနိုင်ငံ၊ ဆည်မြောင်းဦးစီးဌာနရုံး၏ ထုတ်ပြန်ကြေညာချက်အရ Dan Khun Thot ခရိုင်ရှိ Huay Prasat Yai ရေလှောင်ကန်၊ Prathai ခရိုင်ရှိ Bueng Kraton ရေလှောင်ကန်နှင့် Non Thai ခရိုင်ရှိ Nong Kok ရေလှောင်ကန်သုံးခုတွင် ရေပြတ်လပ်မှုပြင်းထန်စွာဖြစ်ပေါ်လျက်ရှိပြီး၊ ရေမျက်နှာပြင် ၃၀ ရာခိုင်နှုန်းအောက်သို့ လျော့နည်းကျဆင်းလျက်ရှိကြောင်းနှင့် Nong Kok ရေလှောင်ကန်တွင် ရေအနည်းဆုံးရှိပြီး ရေလှောင်ကန်၏ ၁၆.၇၈ ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရပါသည်။

    ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ရှိ ဒေသအများအပြားတွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများမှာ ယခုနွေရာသီကာလအတွင်း ရေရှားပါးမှုကို တွေ့ကြုံနေကြရပါသည်။ Khon Buri ခရိုင်မှ စပါးစိုက်‌တောင်သူ Mr. Tang Prachitkhonburi က ပူပြင်းခြောက်သွေ့သည့် ရာသီ ဥတုကြောင့် ၎င်းလယ်အနီးရှိ ရေပေးဝေးမှုအရင်းအမြစ်များ လျင်မြန်စွာ ခမ်းခြောက်လျက်ရှိ ကြောင်းနှင့် အိမ်နီးချင်းလယ်သမားများ၏ ရာပေါင်းများစွာသော စပါးစိုက်ခင်းများမှာ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း၊ Khon Buri ခရိုင်ရှိ Moon Bon ဆည်မှာ အဓိကရေရရှိနိုင်သော အရင်း အမြစ်တစ်ခုဖြစ်ပြီး အဆိုပါဆည်မှာ ရေလျော့နည်းကျဆင်းမှုကြောင့် ရေပေးဝေမှုရပ်တန့်သွားနိုင် ကြောင်း သိရှိကြသော်လည်း ဆန်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁ဝ ဘတ်ခန့်သို့ ဈေးနှုန်း မြင့်တက်လျက်ရှိခြင်းကြောင့် တောင်သူများသည် ခြောက်သွေ့သောရာသီကာလတွင် နွေစပါးကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source : Bangkok Post, March 16, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)